ရှီယီသည် " မြင့်မြတ်သောကိုယ်ခံပညာကျင့်စဉ် ကုယွမ် " ဘယ်မှာသိုဝှက်ထားလဲဆိုတာ ရှာဖွေဖို့အတွက် ဟုန်ယဲ့နဲ့ သူငယ်ချင်းဖြစ်ချင်ယောင်ဆောင်ခဲ့သည် ။
ရှီယီက သူသာ " မြင့်မြတ်သောကိုယ်ခံပညာကျင့်စဉ် ကုယွမ် " ကိုကျင့်ကြံနိုင်ခဲ့ရင် သူချစ်ရတဲ့သူနဲ့ တသက်လုံးအသက်ရှင်နေနိုင်တယ်ဆိုပြီး ဟုန်ယဲ့ကို ပြောခဲ့သည် ။
ဟုန်ယဲ့ကတော့ ဒီလူက သူမနဲ့တသက်လုံးအတူရှိချင်တယ် ထင်သွားတာပေါ့။ ဒီတော့ သူမ စာအုပ်ကိုရှာဖို့ အားကြိုးမာန်တက် ရှီယီကို ကူညီပေးတော့သည် ။ သူမရဲ့အကိုကြီးက မြင့်မြတ်သောနတ်ဆိုးဂိုဏ်းရဲ့ခေါင်းဆောင်ဖြစ်သည့် အလျောက် ညီမဖြစ်သောသူမရဲ့ ရာထူးကလည်းမြင့်မားသည် ။ သူမ စာအုပ်ကိုရှာဖွေဖို့အတွက် အကြံအစီနည်းလမ်းတွေနဲ့ အရင်းအမြစ်တွေအားလုံးကို အသုံးပြုခဲ့သည် ။
သူမ အကိုကြီး သိသွားတော့ သစ္စာဖောက်ဖြစ်တဲ့သူမကို နှိပ်စက်နည်းလမ်းပေါင်း ၁၈မျိုးနဲ့ ညှင်းပမ်းပြီး အပြစ်ပေးခဲ့သည် ။ ဒါပေမဲ့ ဟုန်ယဲ့ကတော့ အကုန်လုံးကိုဖွင့်ပြောရန် ငြင်းဆန်ခဲ့ပြီး စာအုပ်ကို ရှီယီလက်ထဲထိုးပေးခဲ့သည် ။ ထို့နောက် ရှီယီ လွှတ်မြောက်ဖို့အတွက် အချိန်ဆွဲပေးခဲ့သည် ။
ရဲ့ဟွာ အရမ်းကိုဒေါသထွက်နေပြီး သူ့ညီမဖြစ်သူကို ချက်ချင်းတောင်သတ်ပစ်ချင်ခဲ့သည် ။ သို့သော်လည်း သူမဟာ သူ့ရဲ့တစ်ဦးတည်းသော အသက်ရှိနေသေးတဲ့သွေးသားဖြစ်သည့်အတွက် သူ မလုပ်နိုင်ခဲ့ပေ ။
ဒါပေမဲ့ ဟုန်ယဲ့ကို သူမအိမ်ထဲမှာဘဲ အကျဉ်းချထားခဲ့ပြီး အခန်းအပြင်ကို ခြေတစ်လှမ်းမှချခွင့်မပေးချေ။
ဟုန်ယဲ့ငယ်ငယ်လေးကတည်းက သူမအပါးတောက်လျောက်အတူရှိနေပြီး သူမကိုကာကွယ်ပေးနေတဲ့သူ ၊ မေ့ဝူ ( ကောင်လေးပါ ) က ရဲ့ဟွာကို နေ့တိုင်း စိတ်လျော့ပေးဖို့တောင်းဆိုပြီး ဟုန်ယဲ့ ဒီလိုအမှားမျိုး ထပ်မကျူးလွန်တော့ပါဘူးလို့ အာမခံပြီး သူမကိုပြန်လွှတ်ပေးဖို့တောင်းဆိုခဲ့သည် ။
သို့သော်လည်း ရဲ့ဟွာသည် ရှီယီကိုရှာနေရသည့်အတွက် မအားလပ်ပေ ။ ပုန်ကန်တက်တဲ့ညီမ ကိုဂရုစိုက်ဖို့ အချိန်မရှိချေ ။ သူမက တကယ့်ကို တကိုယ်ကောင်းဆန်ပြီး သူ့မိသားစုကိုတောင် ဘာဖြစ်ဖြစ် ဂရုမစိုက်တဲ့အကျိုးအကြောင်းမဆင်ခြင်နိုင်တဲ့သူဘဲ ။ သေသွားတဲ့ သူတို့အဖေကိုလေးစားသမှုကြောင့် သူမကို မသတ်ဘဲ အိမ်အကျဉ်းချရုံလေးဘဲချထားရတာ ။
YOU ARE READING
[နဉ်ရှု] Realm _36 : Demonic Temptress of the scared demonic cult)
FantasyTitle (Eng )_Quick Transmigration Cannon fodder's record of counterattacks _ Credit to the original writer. This is just translation. _ pic from Pinterest