Part 4_ မင်း ဘယ်သူလဲ !?

51 9 3
                                    

Chapter 2245

နဉ်ရှု ဆီကသောက်ခွက်ဖြတ်ရိုက်တာခံလိုက်ရတော့ ရှီယီခဏလောက်ကြောင်အသွားသည် ။ ဘယ်လိုရုန်းကန်ရမလဲဆိုတာတောင် မေ့သွားခဲ့သည် ။

ရှီယီတင် အံ့ဩသွားရုံသာမက နောက်မှာရပ်နေတဲ့ မေ့ဝူမျက်နှာမှာလည်း အံ့ဩတဲ့အမူအရာဖြစ်သွားသည် ။

" မင်း....." နဉ်ရှုရဲ့နှောက်ယှက်မေးတဲ့ အမေးကြောင့် ရှီယီ ဒေါသထွက်ထွက် ပြောဖို့ကြံနေတဲ့ စကားပြတ်သွားသည် ။ နဉ်ရှုက " နင် ငါ့ကိုကြိုက်လား မကြိုက်ဖူးလား "

" ငါ....."

" နင် ဒါလေးဖြေဖို့တောင် တုံ့ဆိုင်း‌နေမှတော့ ကြည့်ရတာ နင်ငါ့ကိုမချစ်ဘူးဘဲ "လို့ပြောရင်း နဉ်ရှု ရှီယီ ပါးကို နောက်တစ်ချက် ထပ်ရိုက်လိုက်သည် ။

" မင်း....."

" ငါကတော့နင့်ကိုအရမ်းချစ်ခဲ့ရတာ ဒါပေမဲ့ နင်ကငါ့ကိုနဲနဲလေးတောင်ပြန်သဘောမကျဘူး "  နဉ်ရှု လက်နှစ်ဖက်ကို ဘယ်ပြန်ညာပြန်သုံးကာ ရှီယီကို ကြိမ်ဖန်များစွာပါးချနေတော့သည် ။ ပါးတစ်ခါချတိုင်းတိုင်း " ဖြန်း " ကျယ်လောင်သောအသံကထွက်ပေါ်လာသည် ။

ရှီယီ မျက်နှာ နီရဲပြီး ယောင်ကိုင်းလာသည် ။

" ငါနင့်ကို နောက်ဆုံးအခွင့်အရေးပေးမယ် နင်ငါ့ကိုကြိုက်လား မကြိုက်ဖူးလား "

" ငါ မင်းကိုကြိုက်တယ် " ရှီယီ ကြောက်" လန့်"နဲ့ချက်ချင်းအော်လိုက်သည် ။

" နဲနဲလေးမှတောင်မတုံ့ဆိုင်းဘူး တန်းဖြေလိုက်တာဘဲ ၊ နင်သေချာပေါက်ဟန်ဆောင်နေတာဘဲ "လို့ပြောပြီး နဉ်ရှု အဆက်မပြတ် ပါးသာချနေတော့သည် ။

နဉ်ရှု ရှီယီ ရဲ့ဗိုက်ကို ကန်ထည့်လိုက်ပြီး နောက်မှာရပ်နေ‌တဲ့ မေ့ဝူခါးမှာချိတ်ထားတဲ့ ဓားကို နဉ်ရှုဆွဲယူလိုက်သည်။

သူသတိမထားမိခင်လေးမှာဘဲ ဓားသွားက ရှီယီရဲ့လည်ကိုဖြတ်သွားသည်။

သူ့လည်ပင်းပေါ်ရှိ အနီရောင်မျဉ်းလိုင်းလေးကနေ သွေးများ ဒလဟောစီးကျလာပြီး  ရှီယီ မျက်နှာမှာ အလွန်တရာထိတ်လန့်တုန်လှုပ်နေသည်။ ရှီယီ  ပါးစပ်ကနေ သွေးများ အန်ထွက်လာပြီး ဒူးထောက်ကျသွားကာ သွေးများစို့နေပြီး စကားပြောရန် ရုန်းကန်နေလေသည်။

You've reached the end of published parts.

⏰ Last updated: Nov 06 ⏰

Add this story to your Library to get notified about new parts!

[နဉ်ရှု] Realm _36 : Demonic Temptress of the scared demonic cult)Where stories live. Discover now