Part 3_ ရှင်ကျမကို ကြိုက်လား

40 9 0
                                    

Chapter 2244

မြင့်မြတ်သောနတ်ဆိုးဂိုဏ်းကတော့ သမာသမတ်လမ်းစဉ်ဂိုဏ်းတွေ သူတို့အပေါ် ရှုံ့ချလှောင်ပြောင်တာကို လျစ်လျှူရှုထားခဲ့သည် ။

နဉ်ရှု အကွေ့အကောက်လမ်းတွေ တစ်လမ်းပြီးတစ်လမ်းဖြတ်ပြီးတဲ့နောက်မှာ သူမ ကြာပန်းရေကန်ကိုရောက်ခဲ့တော့သည် ။ အခုကတော့ နွေရာသီပါ ။ ရေကန်ထဲမှာ ကြာပန်းတွေအများကြီးပွင့်နေပြီး ဝါးနဲ့သွယ်ထားတဲ့ ဝါးပိုက်ကနေ ရေများ ရေကန်ထဲသို့ ငြင်သာစွာစီးကျနေသည် ။

နဉ်ရှု ကြာပန်းတွေကိုမြင်တော့ ,2333ကို စိတ်ထဲကနေလှမ်းပြောလိုက်တယ် " ကမ္ဘာ့မူလစွမ်းအင်တွေရှိလားလို့ ရှာကြည့်စမ်းပါ "

2333 : .............

ဘရိုကိတ်ဝတ်ထားပြီး သွယ်လျ‌တဲ့ အမျိုးသားတစ်ဦးး  ကြာရေကန်ဘေးမှာ နောက်ကျောပေးရပ်နေတာကိုတွေ့ရသည်။ သူ ရေကန်ထဲက ကြာပန်းလေးတွေကိုကြည့်ရင်း နဉ်ရှုဘက်ကိုလှည့်လာသည် ။

နဉ်ရှု လမ်းလျောက်လာနေပြီး ဂဏန်းတွေတောင် ရေကန်ထဲမှာတွေ့နေရသည် ။

ထိုလူ ရှီယီ သူ့ခေါင်းကိုလှည့်လာသည်။ သူ နဉ်ရှုကို ပြုံးပြပြီး
" မင်းရောက်လာပြီပေ့ါ "

ရှီယီသည် ပြတ်သားတဲ့မျက်ခုံး ၊ ကြည်လင်တဲ့မျက်လုံး နဲ့ ဖြောင့်တန်းနေတဲ့ ကိုယ်ဟန်အနေအထားရှိသည် ။သူ့မှာ သူ့ဘေးနားကလူတိုင်းကို မလုံမလဲ‌ဖြစ်နေသလိုခံစားစေရတဲ့ အကြည့်တစ်စုံကလည်းရှိသေးသည် ။

သူ့ရဲ့ အငွေ့အသက်က နတ်ဆိုးဂိုဏ်းနဲ့မလိုက်ဖက်သလိုခံစားနေရသည် ။
ဖြောင့်မတ်တဲ့သဘော သဘာဝအငွေ့အသက်တွေက သူ့နားမှာအမြဲ ဝန်းရံနေသည် ။

ဒါကဘဲ ဟုန်ယဲ့ သူ့ကို့ စွဲလမ်း‌သွားစေတဲ့အချက်ဖြစ်နိုင်သည် ။

ဒီလိုဘဲ ဒီလူကထူးခြားတယ် ။ သူက နတ်ဆိုးဂိုဏ်းက ဖျားယောင်းသွေးဆောင်တက်တဲ့ တခြားအပျက်ကောင်တွေနဲ့ လုံးဝ ကွဲပြားခြားနားနေတယ် ။

" ရှင် ဒီနေရာကိုဘာလို့ခေါ်လိုက်တာလဲ " နဉ်ရှု ရှီယီကိုမေးလိုက်သည် ။

ရှီယီ နဉ်ရှုကို ပူလောင်ပြင်းပြနေတဲ့အကြည့်နဲ့ကြည့်လိုက်သည် ။
ထိုအချိန် နဉ်ရှုကတော့ မပြောင်းလဲတဲ့ ငါးသေမျက်လုံး နဲ့ ရှီယီရဲ့အကြည့်ကိုပြန်ကြည့်လိုက်သည် ။

[နဉ်ရှု] Realm _36 : Demonic Temptress of the scared demonic cult)Where stories live. Discover now