ခရစ်သက္ကရာဇ်၁၉၉၉ခုနှစ်ဒီဇင်ဘာလ၃၁ရက်နေ့
အချိန်ကားည10နာရီခွဲအချိန်
"အာ့ အင့် ဟင်း ကို..ကိုစိုင်းခွန်း"
"ဟင်နန်းဘာဖြစ်လို့လဲ"
"အဟင့်ကျွန်မမွေးချင်နေပြီထင်တယ်အာ့ မရတော့ဘူးဗိုက်တွေနာနေပြီ အာ့"
"ဟေဟုတ်လားနေနေခနနော်အကိုဒေါ်မွှေးလွန်းကိုသွားခေါ်ပေးမယ်နေနိုင်သေးတယ်မလား"
"အဟင့် မရတော့ဘူးအကိုမြန်မြန်သွားခေါ်ပေးပါကျွန်မဗိုက်တွေအရမ်းနာနေပြီ"
သူမဗိုက်ထဲတွင်အလွန်ကိုနေရခက်နေသည်။သူမချွေးတွေလည်းအလွန်ပင်ပြန်နေပြီ။သူမမရတော့မွေးမိတော့မယ်။ဘေးမှာအိပ်နေတဲ့သားကြီးကိုကြည့်ကာလန့်နိုးသွားမည်ဆိုး၍သိပ်လည်းမအော်ရဲပါဒါကြောင့်အကိုပြန်မလာခင်အထိကြိတ်မှိတ်ကာနာကျင်တဲ့ဒဏ်ကိုခံစားနေလိုက်သည်။
__________
"ဒေါ်မွှေးလွန်း ရေ ဗျို့ဒေါ်မွှေးလွန်း"
"ဟေဘယ်သူလဲကွဲ့"
"ကျွန်တော်စိုင်းခွန်းပါကျွန်တော့်မိန်းမကလေးမွေးချင်လို့ထင်တယ်ဗိုက်တွေအရမ်းနာနေတယ်ဆိုလို့"
"အေးအေးငါလိုက်ခဲ့မယ်လိုက်ခဲ့မယ်"
"မြန်မြန်လာပါဗျာဟိုမှာမွေးချင်နေပြီကျွန်တော့မိန်းမက"
"အေးပါဟယ်လာပါပြီငါ့ကိုဖိနပ်တော့စီးခွင့်ပြုပါဟယ်"
"လာလာမြန်မြန်စီးသွားမယ်"
သူ သူ့မိန်းမနဲ့ကလေးကိုအရမ်းစိတ်ပူနေမိသည်။ဒါဟာသားကြီးမွေးတုန်းကထက်ပင်ပို၍စိတ်ပူနေမိသည်။အဘယ်ကြောင့်ဆိုသော် နန်းနန်းကအရင်လောက်ကျန်းမာရေးမကောင်းတာကြောင့်သူ့ရင်သွေးလေးကိုမမွေးနိုင်မှာစိုးရိမ်မိသည်။
ဒါပေမယ့်သူ့ဇနီးကိုသူယုံသည်။သူ့အတွက်ချစ်စရာသားသမီးလေးကိုမွေးပေးမယ်ဆိုတာကိုအကြွင်းမဲ့ယုံကြည်နေသည်။သူလှမ်းနေတဲ့ခြေလှမ်းတွေကနည်းနည်းပင်လေးလံချင်နေသယောင်။ရောက်ချင်လွန်းအားကြီးနေ၍ပဲလားမသိပါ။
YOU ARE READING
ချစ်မိပြီဟုဆိုရာဝယ်
Romanceလောကကြီးဟာသိပ်ကိုကြောက်ဖို့ကောင်းလွန်းတယ်လိုအပ်ချိန်တွေမှာအသုံးပြုကြပြီးမလိုအပ်တဲ့အချိန်ကြရင်စွန့်ပစ်တတ်ကြတယ်ကျွန်တော်တို့ဟာတခါတရံမှာခဏတာနားခိုဖို့လာတဲ့လူတွေကိုတစ်ဘဝလုံးစာပုံအပ်ပေးမိတယ်