ဒီနေ့ကတော့ ပထမဆုံးကျောင်းဖွင့်မည့်ရက်မို့ငယ်ငယ်အစောနိုးနေသည်။
ရေမိုးချိုးကာပြင်ဆင်စရာရှိတာပြင်ဆင်ပြီးကျောင်းသွားရန်ပြင်လိုက်သည်ကျောင်းကအိမ်နဲ့သိပ်မဝေးတာကြောင့်လမ်းလျှောက်ပြီးဘဲသွားဖြစ်ကြသည်။ကိုကြီးရယ်ကိုကြီးသီဟရယ်ငယ်ငယ်ရယ်အရင်ကသုံးယောက်ထဲသွားနေကြပေမယ့်ဒိနေ့တော့အဖွဲ့ဝင်အသစ်တိုးလာလေသည်။
"မမ"
"ပြော"
"သားချောလားကြည့်ပေးဦး"
"ဟိးဟီးမင်းမျက်နှာကဘာလဲပဲကြီးအိုးထဲချော်လဲလာတာလားမျက်ခုံးတောင်မမြင်ရဘူး"
"မရီပါနဲ့မမရယ်ဒါကတီတီနွေးနွေးလိမ်းပေးလိုက်တာသားဖြင့်ရီလို့တောင်မရဘူးတင်းကျပ်နေလို့"
"ဟားဟားမိုက်လိုက်တာကွာမင်းမျက်နှာက"
"ကိုကြီးလွှမ်းနော်သားကိုမရီနဲ့"
"ဘာဖြစ်လဲကွာရီတော့"
"ဟွန့်စိတ်ကောက်လိုက်မှာနော်"
"ကောက်ပေါ့ကွာ"
"လွှမ်းသွားမယ်ဘာမဟုတ်တာတွေကြောင့်အချိန်ကုန်မခံနဲ့ကျောင်းနောက်ကျမယ်ဟိုကောင်စိုင်းသွေးမာန်ပြေမင်းလဲဘညမှမဟုတ်တာကိုစိတ်ဆိုးစိတ်ကောက်လုပ်မနေနဲ့အမေကအလိုလိုက်တယ်ဆိုပြီးဆိုးချင်တိုင်းဆိုးမနေနဲ့မင်းကိုအလိုလိုက်မယ့်အမေဒီမှာမရှိဘူးဒီအိမ်မှာငါသဘောနော်မင်းကိုရိုက်လဲတားမဲ့သူမရှိဘူးကြည့်ကျပ်နေ"
စိုင်းစိုင်းမျက်လုံးမှာမျက်ရည်ကြည်ဥလေးတွေဝေ့တက်လာသည်။ဒီလိုမျိုးစိုင်းစိုင်းနဲ့ငယ်ငယ်တို့မောင်နှမနဲ့အမြဲစနောက်နေကြတာပဲကိုဘာကိုစိတ်မကြည်သည်မသိ။ကိုကြီးကလည်းစိုင်းစိုင်းကိုအားနာသလိုကြည့်နေသည်။နောက်ဆုံးတော့သူတို့ကထွက်သွားပြီးချော့ရသူကတော့ငယ်ငယ်ပဲဖြစ်လေသည်။
ကျောင်းရောက်တော့လည်းသူ့အတန်းပိုင်နဲ့သေချာအပ်ကာငယ်ငယ့်ရဲ့အတန်းဆီသို့ထွက်လာလိုက်သည်။
"ငယ်ငယ်"
ဒါကငယ်ငယ့်ရဲ့သူငယ်ချင်းသံစဉ်ပင်ဖြစ်သည်။သူငယ်တန်းကနေခုအချိန်ထိပေါင်းလာတာဖြစ်ပြီးငယ်ငယ့်ရဲ့အချစ်ဆုံးသူငယ်ချင်းပင်ဖြစ်သည်။

YOU ARE READING
ချစ်မိပြီဟုဆိုရာဝယ်
Romanceလောကကြီးဟာသိပ်ကိုကြောက်ဖို့ကောင်းလွန်းတယ်လိုအပ်ချိန်တွေမှာအသုံးပြုကြပြီးမလိုအပ်တဲ့အချိန်ကြရင်စွန့်ပစ်တတ်ကြတယ်ကျွန်တော်တို့ဟာတခါတရံမှာခဏတာနားခိုဖို့လာတဲ့လူတွေကိုတစ်ဘဝလုံးစာပုံအပ်ပေးမိတယ်