အခန်း၄

473 22 1
                                    

ဆယ်တန်းအောင်စာရင်းများထွက်ရန် တစ်ရက်အလို

ငယ်ငယ်မနက်ဖြန်အတွက်ရက်တွေအရမ်းခုန်နေမိသည်။ကိုယ့်ကိုကိုယ်ယုံကြည်ပေမယ့်အနည်ူနဲ့အများတော့ရင်ခုန်ရတာပဲမလား။

"ငယ်ငယ်"

"ဗျာကိုကြီး"

"စိတ်မပူပါနဲ့ငါ့တုန်းကလည်းအဲ့လိုပဲမင်းကငါ့ရဲ့ညီပဲငါ့လောက်တော့တော်ရမှာပေါ့မဟုတ်လားဟားဟား"

"ကျွန်တော်ကကိုကြီးထက်တောင်ပိုတော်ချင်တော်နေဦးမယ်မနက်ဖြန်စောင့်ကြည့်နေနော်ကျွန်တော်အနည်းဆုံး၂ဘာသာပါကိုပါစေရမယ်"

"အွန် ကြည့်ကြသေးတာပေါ့မပါရင်တော့လက်သီးနော်ဟေ့ကောင်"

"ကြည့်ကြည့်ဘယ်လိုကြည့်မလဲကြိုက်တဲ့ဘက်ကကြည့်နော် ဟွန့်"

ထိုအချိန်တွင်

"‌လွှမ်း"

"အေးပြော"

"ငါနဲ့ခဏလောက်လိုက်ခဲ့စမ်းပါ"

''ဘယ်လဲကွာမင်းက"

"လာပါဆိုကွာ"

"အေးအေး ငယ်ငယ်ကိုကြီးဟိုကောင်နဲ့လိုက်သွားဦးမယ်အဖေနဲ့အမေမေးရင်ပြောလိုက်ဦးနော်"

"ဟုတ်"

ညပိုင်းတွင်

ငယ်ငယ်တွေးရင်းတွေးရင်းနဲ့ပင်ရင်တွေခုန်လာကာလုံးဝအိပ်မပျော်နိုင်ပါ။

ဖေဖေနဲ့မေမေကလည်းဒီလိုပင်။ဒါကြောင့်ငယ်ငယ်အိမ်ရှေ့ခန်းထဲထွက်ထိုင်ရန်ဆုံးဖြတ်လိုက်သည်။နာရီကြည့်တော့ည ၁၂ခွဲ
မီးကလည်းပျက်နေသေးသည်။ဒါကြောင့်ငယ်ငယ်အားသွင်းမီးလေးကိုကိုင်ကာထွက်လာလိုက်တော့အိမ်ရှေ့ခန်းထဲတွင် ကွေး‌ကွေးလေးအိပ်နေတဲ့သူ‌လေးကိုတွေ့လိုက်ရတာကြောင့်အမြန်ပင်သွားပြီး

"စိုင်းစိုင်း ထထကလေးဘာလို့ဒီမှာအိပ်နေတာလဲ"

"အွန် မမလား"

"အင်းဟုတ်တယ် သွားသွားကိုကြီးလွှမ်းအခန်းထဲကိုသွားပြီးတူတူအိပ်နေ"

"ကိုကြီးလွှမ်းနဲ့ကိုကြီးသီဟကအပြင်မှာထိုင်နေတာမမရဲ့ခုနကတော့ဒီနားမှာစကားထိုင်‌ပြောနေတာ"

ချစ်မိပြီဟုဆိုရာဝယ်Where stories live. Discover now