ခွီ
"ဘာရီတာလဲ"
"ရီချင်လို့လေ"
ဒီလိုနဲ့နှစ်ယောက်သားရန်ဖြစ်လိုက်ကြဆော့လိုက်ကြနဲ့နွေရာသီပိတ်ရက်ကကုန်ဆုံးသွားသည်။
ကျောင်းမဖွင့်ခင်၁ရက်အလို
"အီးးဟီးမပြန်ချင်ဘူးမမနဲ့ဘဲနေချင်တာအီးဟီး"
"စိုင်းစိုင်းကလည်းကျောင်းတက်ရင်မမနဲ့အကြာကြီးနေလို့ရပြီလေအာ့ကြောင့်မြန်မြန်ကြီးအောင်လုပ်နော်"
"အီး ဟင့် မမ သားကိုစောင့်နေနော်သားသားပြန်လာမှာသားသားနဲ့တူတူကျောင်းတက်မယ်နော်"
"အေးပါတက်မယ်နော်နောက်နှစ်ကြရင်ပြန်လာရမှာမငိုနဲ့မငိုနဲ့"
ထိုကလေးကမပြန်ချင်လဲမပြန်ချင်စရာပင်။မနက်မိုးလင်းတာနဲ့ငယ်ငယ့်အိမ်ကိုရောင်လာပြီးငယ်ငယ်နဲ့တစ်နေကုန်အောင်နေသည်။မေမေတိူ့ကလည်းစိုင်းစိုင်းကိုချစ်ကြပြီးဖေဖေဆိုရင်သားငယ်လို့တောင်ခေါ်သည်။တစ်အိမ်လုံးကတအားချစ်တော့သူ့အိမ်ကိာတောင်သူမပြန်။ညအိပ်ရင်တောင်ငယ်ငယ်နဲ့အိပ်ပြီးသူအိပ်ပျော်မှဦးလေးကလာခေါ်ရသည်။ဒီလိုအတူစားပြီးအတူနေလာတော့ကလေးကသူ့မိဘတွေအိမ်ကိုတောင်မပြန်ချင်။နောက်နှစ်ကြရင်တော့မန္တလေးမှာပဲကျောင်းတက်မည်တဲ့။ကလေးမိဘတွေကကလေးကငယ်သေးလို့သူတို့မြို့မှာလဲထားချင်ပေမယ့်ကလေးကငယ်ငယ်နဲ့တူတူကျောင်းမတက်ရရင်မတက်ဘူးဆိုတဲ့ကလေးပင်ဖြစ်သည်။
ဘာလိုလိုနဲ့ကျောင်းတက်ပြီးစာမေးပွဲတွေအားလုံးဖြေပြီးကာနောက်ထပ်နွေရာသီကျောင်းပိတ်ရက်သို့ပြန်လည်ရောက်ရှိလာခဲ့သည်။ကျောင်းပိတ်တာ၁လလောက်ရှိနေပြီမို့ငယ်ငယ်စိုင်းစိုင်းကိုမျှော်နေမိသည်။
"ကလေးစုတ်ပြောတော့ငါ့ကိုပြန်လာမယ်လေးဘာလေးနဲ့ အမလေးငါကဘာလို့အဲ့ခြောက်နှစ်အရွယ်ကလေးစကားကိုယုံရမှာလဲ။ကလေးဟာကလေးစကားပဲပြောမှာအခုဆိုငါ့ကိုတောင်သတိရမှာမဟုတ်လောက်ဘူး"
ငယ်ငယ်မသိလိုက်တာကမန္တလေးကိုလာချင်လွန်း၍အိမ်နဲ့အတိုက်အခံဖြစ်နေသောကလေးတစ်ယောက်ရှိနေသည်ဆိုတာကိုပင်။

YOU ARE READING
ချစ်မိပြီဟုဆိုရာဝယ်
Romansaလောကကြီးဟာသိပ်ကိုကြောက်ဖို့ကောင်းလွန်းတယ်လိုအပ်ချိန်တွေမှာအသုံးပြုကြပြီးမလိုအပ်တဲ့အချိန်ကြရင်စွန့်ပစ်တတ်ကြတယ်ကျွန်တော်တို့ဟာတခါတရံမှာခဏတာနားခိုဖို့လာတဲ့လူတွေကိုတစ်ဘဝလုံးစာပုံအပ်ပေးမိတယ်