အပိုင်း ( ၄၈၄) အမျိုးသမီးဝတ်စုံနဲ့ဖူကျို့... (၆)
သို့သော် ထူးခြားမှုတစ်ခုက ရှိနေ၏။
မင်းသားလေးကျို့ကိုကြည့်ရတာ အယောင်ဆောင်တာနဲ့ အသားကျနေသလိုပဲ။
တခြားသူတွေ ဘယ်လိုစဥ်းစားမလဲဆိုတာကိုတောင် သူမက ခန့်မှန်းနိုင်သေးတယ်။
သူမက အရမ်းဉာဏ်ကောင်းလွန်းနေပြီ...
ဟက်ကာတွေအားလုံးက ဒီလိုပဲ ဉာဏ်ကောင်းကြတာများလား။
ဖူကျို့သည် ယောင်ယောင် ဇဝေဇဝါဖြစ်နေသည်ကို သိလိုက်သော်လည်း ရှင်းပြဖို့ အစီအစဥ်မရှိချေ။ အချိန်ပေါ်တွင်သာ မူတည်လေသည်။ နိုင်ငံ့တံခွန်စိုက်ပြိုင်ပွဲ ပြီးသွားပြီးနောက် ဖူကော်ပိုရေးရှင်းသည်လည်း ရှယ်ယာရှင်အပြောင်းအလဲတစ်ခုဖြစ်သွားလိမ့်မည်။ သူမသည် ထိုကိစ္စများ လုပ်ပြီးသည်နှင့် အမေရိကားသို့ သေချာပေါက် ပြန်ရလိမ့်မည်။ သူမ၏အတိတ်ကို မည်သူမှ မသိသည်က ပိုကောင်းပေလိမ့်မည်...
သည်နေ့အစောပိုင်းက သူမတွေ့ခဲ့သည်ဟု ထင်မိသည့်ပုံရိပ်ကြောင့်လားတော့ သေချာမသိပေ။ သို့သော် သူမ၏စိတ်ကို သူမအတိတ်က ကိစ္စများစွာက စိုးမိုးထား၏။ သူမသည် တခြားSupremeအသားအားလုံးနဲ့ မတူပေ။ သူမကိုယ်သူမ ဂိမ်းများနှင့် မထောက်ပံ့နိုင်ချေ။ သူမတွင် သူမ၏ခံယူချက်များရှိ၏။ ဒါကိုသဘောပေါက်ပြီး ဟက်ကာတစ်ယောက်အဖြစ် ဆက်ရှင်သန်သွားရန်ပင်။
ငါလေးက အနှေးနဲ့အမြန်ထွက်သွားရမှာပဲလေ။
မလုပ်ချင်ရင်တောင်မှာပေါ့။
ငါ့မှာလည်း ကိုယ်ပိုင်ကိစ္စတွေကို လုပ်စရာရှိနေသေးတယ်ရယ်။
ဖူကျို့သည် ရွှယ်ယောင်ယောင်ကို ထပ်ကြည့်လိုက်ပြီး လက်ကိုဆန့်ထုတ်လိုက်ကာ သူမ၏ခေါင်းကို ဖွလိုက်လေသည်။
‘စိတ်မပူပါနဲ့၊ အမျိုးသမီးအဝတ်အစား ဝတ်တာလေးကို အရင်က မဝတ်ဖူးတာမှမဟုတ်တာလေ”
“ဒါဆို ကြီးမြတ်လှတဲ့သခင်လေးကရော”
ရွှယ်ယောင်ယောင်သည် တီးတိုးရေရွတ်လိုက်၏။
YOU ARE READING
ကျောင်းတော်ရဲ့ မင်းသားလေးက မိန်းကလေးတဲ့ (Book 3)
RomanceBook 1 and 2 ကို wall ထဲ ဝင်ရှာပေးပါ