အပိုင်း (၄၉၀) အမျိုးသမီးအဝတ်အစားနဲ့ ဖူကျို့ ( ၁၂)

413 43 1
                                    

အပိုင်း (၄၉၀) အမျိုးသမီးအဝတ်အစားနဲ့ ဖူကျို့ ( ၁၂)

ချင်မော့သည် သူ့မျက်ခုံးလှလှလေးများကို တွန့်ချိုးထား၏။

အေးစက်၊ ချုပ်တည်းထားရကာ စိတ်မရှည်နိုင်စွာဖြင့်။

သူ့ရင်ဘတ်ပေါ်က ဖိအားသည် အသက်ရှူရခက်ခဲစေပြီး သူ့လည်စည်းကို အမှတ်တမဲ့ ဆွဲဖြုတ်လိုက်တော့သည်။

New yearနီးလာသည်နှင့်အမျှ ကုမ္ပဏီကြီးအားလုံးသည် အလွန်အလုပ်များနေကြ၏။

New Year အကြိုကာလအတွင်း ဝန်ထမ်းများသည် အားလပ်ရက်ခွင့်ယူကြသည်။

သို့သော် စီအီးအိုများကတော့ လုပ်ငန်းညစာစားပွဲများစွာနှင့် အလုပ်အများဆုံးအချိန် ဖြစ်လေ့ရှိသည်ပင်။

ရာထူးမြင့်လေလေ ပိုအလုပ်များကြလေလေဖြစ်၏။

အတွင်းရေးမှူးလျန်သည် သူ့သူဌေးအလွန်စိတ်ညစ်နေသည့်အတွက် စိုးရိမ်မိကာ ချက်ချင်းပြောလိုက်၏။

“ သူဌေးချင် အချိန်မီသွားဖို့ လုပ်ငန်းအစည်းအဝေးတစ်ခုရှိသေးတယ်နော်”

“ ဖျက်လိုက်”

ရေခဲတမျှအေးစက်သည့် စကားနှစ်လုံးသာ။

ချင်မော့သည် ကုလားထိုင်နောက်မှီပေါ်က သူ့ကုတ်အင်္ကျီကို လှမ်းယူလိုက်၏။

အတွင်းရေးမှူးလျန်သည် ပျော့ပြောင်းစွာ ပြောလိုက်လေသည်။

“ မရဘူးဗျ အန်းမိသားစုနဲ့ တွေ့ရမှာ”

ချင်မော့သည် ခေတ္တတုံ့ဆိုင်းသွားပြီးနောက် သူ့စိတ်အခြေအနေသည် အနည်းငယ် တိုးတက်လာလေသည်။

“ အဘိုး ပြန်ရောက်နေတာလား”

“ဟုတ်ပါတယ် နှစ်သစ်ကူးအတွက်ပါ သူ သူဌေးကို မျှော်နေမှာ”

ချင်မော့သည် စစ်တပ်အသိုင်းအဝိုင်းမှ သခင်လေးတစ်ယောက်ဖြစ်ကြောင်း လူအများက သိထားသော်လည်း သူသည် အန်းမိသားစု၏ တစ်ဦးသောမြေးအရင်းဖြစ်ကြောင်းကိုတော့ မည်သူမှမသိချေ။

အန်းမိသားစုသည် နိုင်ငံတကာအတိုင်းအတာတစ်ခုအထိ စီးပွားရေး အသက်သွေးကြောများစွာကို ထိန်းချုပ်ထားပြီး အဖိုးက ပြန်လာခဲလေသည်။

ကျောင်းတော်ရဲ့ မင်းသားလေးက မိန်းကလေးတဲ့ (Book 3)Where stories live. Discover now