အပိုင်း (၄၈၇) အမျိုးသမီးဝတ်စုံနဲ့ဖူကျို့ (၉)
ကျန်းမြို့ကို မြူမှုန်များနှင့် လွမ်းခြုံထားဆဲ။
ချန်ရှောင်တုံးသည် ဖူအိမ်တော်အောက်ထပ်တွင် ပုံစံအမျိုးမျိုးဖြင့် အော်ဟစ်နေနှင့်တော့သည်။
“ ဒါကဘာလဲ၊ ဒါတွေကဘာတွေလဲ သခင်လေးရေ”
အမှန်ပင် ထိုအရာသည် ဖူကျို့ကို နိုးထလိုက်တော့သည်။ သူမ၏မျက်လုံးများကို ဖွင့်ကာ သမ်းဝေလိုက်၏။ သူမရှုပ်ပွနေသည့် ငွေရောင်ဆံပင်သည် သူမ၏အသွင်ကို အလွန်ဆွဲဆောင်မှုရှိနေစေလေသည်။
“ဟမ်”
ချန်ရှောင်တုံးသည် အသိစိတ်ကိုမြန်မြန်ဆွဲကပ်လိုက်ပြီး ပစ္စည်းများကို သူ့သခင်လေးရှေ့တွင် ချလိုက်ပြီး အလွန်စိုးရိမ်စိတ်ဖြင့် သူမအား တွန်းအားပေးနေလေသည်။
“သခင်လေး အရင် သခင်လေးဘယ်လောက်ပျော်ခဲ့ပျော်ခဲ့အဲဒါနဲ့ပတ်သက်ပြီး ကျွန်တော် တစ်ခါမှ မဝေဖန်ခဲ့ဘူးနော် ဒါပေမဲ့ ဒီနေ့တော့ ကျွန်တော် ပြောဖို့လိုလာပြီ ၊ဒါတွေအားလုံးက ဘာတွေလဲ”
“ မသိဘူးလေ”
ဖူကျို့သည် ခေါင်းမြီးခြုံလိုက်ပြီး အနည်းငယ်ပြန်အိပ်ရန် ပြင်လိုက်၏။
အင်မတန်ပူပန်စိတ်ဖြင့် ချန်ရှောင်တုံးက ပြောလိုက်၏။
“ သခင်လေးနာမည်နဲ့ ဒီပစ္စည်းတွေရောက်လာတာလေ၊ ဒါကိုမြင်စကတော့ အရမ်းအံ့ဩသွားတာ၊ သူဌေးကတော်သာ ဒါတွေကိုမြင်သွားရင် ဘယ်လိုလုပ်မလဲ၊ သူမက သခင်လေးကို ဒီလိုပုံစံပျိုးထောင်မိလေခြင်းဆိုပြီး အရမ်းဝမ်းနည်းနေတော့မှာ”
ဖူကျို့ သမ်းဝေလိုက်ရင်း သူမ၏အနေအထားကို ပြောင်းလိုက်ကာ သူ၏အော်ဟစ်သံများကို အောင်အောင်မြင်မြင် တားဆီးလိုက်လေသည်။
ချန်ရှောင်တုံးသည် သက်ပြင်းရှည်တစ်ချက်ချလိုက်ပြီး ကတ်ဖာဘူးကို မ,ကာ ဖူကျို့ဘေးက ကုလားထိုင်ပေါ် ထိုင်ချလိုက်၏။
“သခင်လေးက ပူညံပူညံလုပ်တာ မကြိုက်တာ ကျွန်တော်သိပါတယ်၊ ပြီးတော့ သခင်လေး အခုဘာစဥ်းစားနေလဲဆိုတာလည်း ကျွန်တော်သိတယ်၊ ကြီးမြတ်လှတဲ့သခင်လေးချင်အတွက် သခင်လေးက ဂိမ်းကစားတတ်အောင်လည်းသင်ခဲ့တယ်၊ သခင်လေး မိန်းကလေးတစ်ယောက် အရမ်းဖြစ်ချင်မှာပဲ ၊ ဂေးတွေအတွက် ဘယ်လောက်ထိခက်ခဲတဲ့ကိစ္စလဲဆိုတာ ကျွန်တော်သိပါတယ် ဒါပေမဲ့ အဲလိုဆိုရင်တောင် သခင်လေး အဲလိုဖြစ်နေလို့မရဘူးလေ၊ ဒီညစ်ပတ်တဲ့ပစ္စည်းတွေကို ဘယ်ကနေဝယ်ခဲ့တာလဲ”
YOU ARE READING
ကျောင်းတော်ရဲ့ မင်းသားလေးက မိန်းကလေးတဲ့ (Book 3)
RomansaBook 1 and 2 ကို wall ထဲ ဝင်ရှာပေးပါ