2 ♡ Our Moonlight Shadow

257 36 10
                                    

" Wow...မြို့ပြဆိုတော့လည်းရှူရတဲ့လေကအစမတူတော့သလိုပဲ စိတ်ကိုလန်းသွားရော "

ဆိုးလ်မြို့ အင်ချွန်းလေဆိပ်ဝင်ပေါက်တွင်ရပ်နေသောဟိုရှီ့ထံမှ စကားသံ...
သူ့နံဘေးတွင်တော့ မှုန်သုန်နေသောမျက်နှာနှင့် ကြောင်ဆိုးလေးဝန်ဝူး...

" တော်တော်ပျော်နေပုံရတယ်နော် "

" ပျော်တာပေါ့ မင်းရောမပျော်ဘူးလား...တယောက်ထဲသွားပါဆိုတာကို သွသူအတင်းခေါ်ပြီးတော့ "

ဝန်ဝူးစိတ်ညစ်ပြီးခေါင်းတွေကုတ်နေရပြီ...

" ဟ ငါခေါ်တာကမင်းကိုလေ ဆုအတူတူယူဖို့လေ...
ဟိုနှစ်ကောင်ကဘာလို့ပါလာတာတုန်းကွာ "

လေဆိပ်ရှေ့ကပစ္စည်းထည့်သယ်သည့်လက်တွန်းလှည်းတွေပါမကျန် ဓါတ်ပုံတွဲရိုက်နေသော ဂျွန်နီးနဲ့ဝူဂျီ...သူငယ်ချင်းလို့ပြောရမှာတောင်ရှက်လိုက်တာဆိုတာ...

" ရား ဝူဂျီ ဝူဂျီ ငါ့ကိုဒီလိုလေးရိုက်ပေး...ငှက်ပျံသလိုလုပ်နေမယ်...ကျွန်းပေါ်ကငှက်လေးမျက်စိလည်ပြီးရောက်လာသလိုမျိုး "

" ဂျွန်နား poseအရမ်းမိုက်တယ် ဂွတ် ဂွတ် "

အတော်လည်းအတွဲညီတဲ့အရှည်နဲ့အပု...

ဝန်ဝူးရဲ့အစီအစဥ်ထဲဒီလိုအရှက်ကွဲမှူမျိုးကိုတွေးတောင်မတွေးမိဖူးဘူး တကယ်...
ရှက်လို့သေတော့မယ်တောင်ထင်ရ...
ဟိုရမ်းဟဲဆိုပြီး ကျားလိုselfieဆွဲနေတဲ့ကောင်ကိုလည်း ဝန်ဝူးပဲလိုက်ထိန်းနေရတာ သက်လုံတောင်အတော်ကျနေပြီ...

" ဟေ့ကောင်တွေ ပြီးရင်လည်းမြန်မြန်တက်ကြတော့ကွာ "

သကောင့်သား၃ယောက်က စိတ်ချည်းပဲဘာညာနဲ့ပွစိပွစိပြောရင်းtaxiပေါ်ရောက်လာကြမှ ဝန်ဝူးလည်းနည်းနည်းအရှက်ပြေတော့သည်...
ဒီ၃ညအိပ်၄ရက်ခရီးကို အရူး၃ကောင်ထိန်းရင်းဝန်ဝူးဘယ်လိုတောင့်ခံရပါ့မလဲ...

" အခန်းရသေးလားဗျ "

" ဘယ်နှယောက်ခန်းလိုချင်တာလဲရှင် "

" ၄ယောက်နေမှာပါ family roomဆိုလည်းရတယ် "

" ၂ယောက်ခန်း၂ခန်းပဲရတော့မယ်နော် "

A Shadow That I Didn't KnowWhere stories live. Discover now