" ဟေ့ကောင် မင်းအခုရပ် ပြေးလို့လွတ်မယ်ထင်နေလား "
" ရပ်လိုက်ရင်မိသွားမှာပေါ့ သောက်ရဲရဲ့ "
ဂျယ်ဂျူပြန်ရောက်ပြီးထဲက ဝူဂျီ့gymထဲဝင်ခိုးသွားတဲ့သူခိုးကောင်ကို လိုက်စုံစမ်းနေတာ ဒီနေ့တော့ခြေရာခံမိပြီ...လူကိုမမိသေးတာတခုပဲ...
ပြေးလိုက်ရလို့ ဟိုရှီလည်းအသက်ထွက်တော့မယ်...Gymပေါင်းစုံကို memberဝင်ယောင်ပြ lockerထဲကတန်ဖိုးကြီးတာမှန်သမျှ သော့တုနဲ့ဖျက်ခိုးတဲ့ကောင် လုပ်စားနေတာကြာပြီ...
ဒီမြို့ရောက်မှစုံထောက်တွေရဲ့သူငယ်ချင်းGymကိုဝင်မွှေမိတာ ရေမြေအဆုံးလိုက်ရှာခံလိုက်ရတော့ သူခိုးလည်းအတော်စိတ်ဓါတ်ကျနေပြီ...
ဒါပေမယ့်တော်သေးတာက ခုလိုက်ဖမ်းတဲ့တကောင်မှ သူ့ကိုမှီလောက်တဲ့အထိသက်လုံမကောင်း...
အဖွဲ့ခေါင်းဆောင်ဆိုတဲ့ပိစိကောင်အဆိုးဆုံး...
သူ့ကိုအော်ပြီးသာရပ်ခိုင်းနေတာ လူကဖြင့်အတော်ဝေးဝေးမှာကျန်ခဲ့ပြီ..." သူ့ကြည့်တော့အမောဆို့သေတော့မယ် ခုထိလိုက်နေတုန်း ဆောတီးပဲ ငါကတော့ခုလွတ်သွားတာနဲ့မင်းတို့ဘယ်လိုရှာရှာမတွေ့အောင်ကိုယ်ယောင်ဖျောက်ပြီ ဟားဟား "
" ဟေ့ လွတ်မှာသေချာရဲ့လားကွ "
နံရံကိုမှီကာရပ်နေတဲ့ အရပ်ရှည်ရှည် ပုခုံးကျယ်ကျယ်နဲ့လူဆီကစကား...
လမ်းကွေ့တွေအများကြီးချိုးကာ မျက်ခြေဖြတ်ခဲ့ကာမှ ဒီမှာဘယ်လိုသိပြီးစောင့်နေပါလိမ့်..." ကျစ် ဘယ်လိုလုပ်ရောက်နေတာလဲ "
နောက်လှည့်ပြေးမယ်ကြံတော့လည်း နောက်မှာကအဖွဲ့ခေါင်းဆောင်လို့အကုန်ခေါ်နေကြတဲ့ ကြွက်ပိစိကောင်ကမှီလာပြီ...
" ဟာ...မောတာကွာ မင်းတော်တော်ပြေးနိုင်တဲ့ကောင် အူစိန်ဘော့ရဲ့မယားပါသားလားမသိဘူး...
ဝန်နူးရား သိပ်လိုက်တော့ကွာဒီကောင့်ကို "" ဘာ ဘာကိုသိပ်... "
စကားမဆုံးခင်မှာပဲ သူခိုးရဲ့ပါးတဖက်စီရောက်လာတဲ့ ဝန်ဝူးရဲ့တပတ်လည်ခြေကန်ချက်နဲ့အတူ...
ဒီလောက်ဆို ရာဇဝတ်ကောင်ကတော့အနည်းဆုံး ၃နာရီလောက်အိပ်သွားပြီ...

YOU ARE READING
A Shadow That I Didn't Know
FanfictionSweetest Love Story of SoonWoo ❣️ Friendship of 96Liner 😇 Love of My Life ရဲ့ Spin Off Storyအဖြစ်ဖန်တီးထားတာလေးပါ GyuHaoလည်း Cameoအနေနဲ့ ပြန်ပါလာမှာပါ 💙