Warning 🔞
¤ ¤ ¤ ¤ ¤ ¤ ¤ ¤
" စီနီယာကြီး ဒီအမှူစာရွက်စာတမ်းတွေ အထက်ကိုတင်ပြရတော့မှာမို့စစ်ဆေးပြီး signလေးထိုးပေးလို့ရမလားဗျ ဒီနေ့အဖွဲ့ခေါင်းဆောင်ခွင့်ယူထားလို့ "
" ဟိုရှီ အာညီး ခေါင်းဆောင်မလာဘူးလား ကိစ္စရှိလို့နောက်ကျနေတယ်ထင်နေတာ "
" မဟုတ်ဘူး ဒီနေ့ခွင့်ယူထားတာ "
အဲ့လိုနဲ့စစ်ရမယ့်အမှုတွဲဖိုင်တွေဝန်ဝူးပဲစစ်ပေးပြီးလက်မှတ်ထိုးပေးလိုက်တယ်...
မနက်ကအိမ်ဝင်ခေါ်တော့လည်းမရှိဘူး မနေ့ကအလုပ်ဆင်းတော့လည်း အေးဆေးအိမ်ပြန်သွားတာပါ ဘာကိစ္စရှိလို့များလဲ စိတ်ထဲလည်းမတင်မကျနဲ့ ...
မကောင်းတာတခုခုဖြစ်တော့မလိုခံစားချက်မျိုးပဲ..." ဟလို မာမား ဆွန်းယောင်းအိမ်မှာရှိလားဟင် ခွင့်ယူထားတော့နေမကောင်းတာများလားလို့ မနက်ကလာခေါ်တော့လည်းမတွေ့လို့လေ "
" အစောထဲကထွက်သွားတာလေ မာမားလည်းမသိဘူးရယ် အလုပ်မလာဘူးလား "
" ဟုတ် ကျေးဇူးနော်မာမား "
တခါထပ်ပြီးဂျွန့်ဆီ...
" ဂျွန်နီး ဟိုရှီအဲ့မှာလား "
" မင်းတို့အလုပ်ချိန်ကြီး သူကငါ့ဆိုင်ဘာလာလုပ်မှာလဲ မလာပါဘူး "
ဒါဆိုဝူဂျီ့ဆီ...
" ရား ဂျီဟွန်းနီး ဟိုရှီအဲ့ကိုလာသေးလား "
" မလာပါဘူး သူလာဆော့နေကြချိန်မှမဟုတ်တာ
နေပါဦး မင်းတို့ကတနေရာထဲလုပ်နေပြီး ဘယ်သွားမှန်းမသိဘူးလား "" အေး ဟိုရှီပျောက်နေလို့ကွာ ဘယ်သွားမှန်းငါလည်းမသိလို့ "
တကယ်ပါပဲ လူကိုစိတ်ပူရအောင်ဘယ်တွေများသွားနေတာလဲကွာ...
ဟိုရက်ကနောက်ယောင်ခံလိုက်ထားတဲ့ မူးယစ်ဂိုဏ်းဆီတယောက်ထဲများသွားနေတာလားမသိဘူး...
ဟော မာမားဖုန်းပြန်ဆက်ပြီ..." သားရေ ဝန်ဝူး ဆွန်းယောင်းကိုသူ့အဖေခိုင်းလိုက်တာတဲ့ လေဆိပ်သွားကြိုဖို့...သူ့မိတ်ဆွေရဲ့ကလေးက ဒီမှာတာဝန်ကျလို့လာတာ အာ့ကူညီဖို့လွှတ်လိုက်တာတဲ့ "
YOU ARE READING
A Shadow That I Didn't Know
FanfictionSweetest Love Story of SoonWoo ❣️ Friendship of 96Liner 😇 Love of My Life ရဲ့ Spin Off Storyအဖြစ်ဖန်တီးထားတာလေးပါ GyuHaoလည်း Cameoအနေနဲ့ ပြန်ပါလာမှာပါ 💙