Eighteen

92 5 6
                                    

"ကြာပြီလား?"

"စောနကမှပါ"

တကယ်ဆို မနေ့ညမက်ဆေ့ရတည်းက စိတ်လှုပ်ရှားနေခဲ့မိတာ သူကိုယ်သူသာအသိဆုံးမို့ ဒီနေရာကို ချိန်းထားတဲ့အချိန်ထက် ၂နာရီလောက်စောရောက်နေခဲ့တာ သူနဲ့ဒီပင်အိုကြီးသာ အသိဆုံးနေမှာ။

"ကျွန်တော်တို့က သူနဲ့ရေစက်ပါတယ် ထင်တယ်နော် ကျွန်တော်လဲ စဉ်းစားမိတာ ဒီနေရာပဲရှိလို့"

"အင်း ဒီနေရာလေးက ဆိတ်ငြိမ်ပြီးအေးချမ်းတယ်"

နှစ်ယောက်လုံးနှစ်ချို့ပင်အိုကြီးကိုမော့ကြည့်ရင်း ပြောမိသည့်စကားတွေက မရည်ရွယ်ပဲတိုက်ဆိုင်နေခဲ့သည်။

"ကျွန်တော့်ကို သဘောကျတယ်ပြောပြီး ဘာလို့အဲ့လိုတွေ လုပ်နေခဲ့တာလဲ?"

အဆက်စပ်မရှိမေးလိုက်တဲ့မေးခွန်းကြောင့် ရိပေါ်တဒင်္ဂဆွံ့အသွားပြီးမှ...

"ရည်ရွယ်ချက်ရယ်လို့ မရှိပါဘူး ကိုယ့် school life မှာ မလုပ်ဖူးတာတွေမရှိအောင် လုပ်ခဲ့ချင်ရုံလေးပါ"

"ကျွန်တော့်ကို တကယ်သဘောကျတာရော ဟုတ်ရဲ့လား?"

"ကိုယ်ပြောပြီးသား‌ပဲဟာ"

"ထပ်ကြားချင်လို့ပါ"

"အင်း..ကိုယ် မင်းကို တကယ်သဘောကျတာ"

"ဒါဆို ဟိုတခါ လူတစ်ယောက်က ကျွန်တော်ကို သဘောကျတယ်ပြောလို့ ရအောင်လိုက်ခဲ့တယ်ဆိုတာကရော?"

"ဘယ်တုန်းကလဲ? ကိုယ်မပြောဖူးပါဘူး"

"ဟားးး မပြောခဲ့ဖူးဘူးလား ဒါဆို ကျွန်တော်နားကြားမှားခဲ့တာပေါ့ တခြားသူဆီက တဆင့်ကြားရရင်တောင် ကျွန်တော် ငြင်းဆန်မိအုံးမှာ ဒါပေမယ့် ကိုယ်တိုင်ကိုယ်ကျ...ထားပါ ထားလိုက်ပါတော့ အားလုံးက ပြီးသွားခဲ့ပြီပဲဟာ ခုနေထပ်ပြောနေလဲ အပိုတွေပဲ ဖြစ်နေမှာ"

"...."

"ခု ကျွန်တော်တို့က အရင်လိုပြန်နေလို့ ရသေးလို့လား? အရင်လိုပြန်နေဖြစ်ရင်ကော အရင်လိုအခြေနေကို ပြန်ရနိုင်သေးလို့လား?"

"ဒါကတော့ bae အပေါ်ပဲ မူတည်ပါတယ် ကိုယ့်ဖက်ကတော့ ဘာမှမပြောင်းလဲဘူး"

ကျွန်တော်ချစ်မိ အပြစ်ရှိသည်။Where stories live. Discover now