Chapter 167

775 117 0
                                    

ညဆယ့်တစ်နာရီခွဲ၌ လော့ချယ်နှင့် လော့ကျစ်ယွီတို့သည် လသာဆောင်တွင် လေအေးအေးနှင့် ဘီယာသောက်နေကြသည်။

ပေချန်း၏ဆောင်းရာသီသည် အေးမြ၍ခြောက်သွေ့ပြီး လေတိုက်ခတ်‌နေသည်က ဓားတစ်လက်ကဲ့သို့ပင်။

လော့ချယ်သည် လသာဆောင်၏လက်ရန်းပေါ် လက်တင်ပြီး အဝေးက ညမြင်ကွင်းကို ကြည့်၍ ဘေးရှိ လော့ကျစ်ယွီကို "ငါက လော့မိသားစုကလူနဲ့ သိပ်မတူဘူးလို့ မင်းအမြဲပြောနေခဲ့တာကို ငါမှတ်မိသေးတယ်"

လော့ကျစ်ယွီ ဘီယာတစ်ငုံသောက်လိုက်သည်။ လော့ချယ်က အတိတ်အကြောင်းကို အဘယ်ကြောင့် ရုတ်တရက်ပြောလာမှန်း သူနားမလည်ချေ။

သူငယ်ငယ်တုန်းက လော့ချယ်သည် လော့မိသားစုနှင့်သိပ်မတူဟု ခံစားခဲ့ရသည်။ လော့ချယ်သည် ငယ်စဉ်ကလေးဘဝကတည်းက ရုပ်ရည်ကြည့်ကောင်း၏။ဈေးပေါသည့် လမ်းဘေးဆိုင်မှ ဆယ်ယွမ်တန်အဝတ်အစားများကို ဝတ်ထားလျှင်ပင် သူ့ပုံစံက ချမ်းသာသည့် သခင်လေးတစ်ယောက်နှင့်တူလှသည်။ သူသည် သူတို့၏နေထိုင်မှုပတ်ဝန်းကျင်နှင့် သဟဇာတမဖြစ်နေချေ။

သို့သော် မည်သူကမျှ နှစ်အတော်ကြာသည်အထိ ထိုစကားကို မပြောခဲ့ကြပေ။

လော့ကျစ်ယွီ ပခုံးတွန့်လိုက်ပြီး "ဟုတ်တယ်၊ အခုတောင် မင်းက လော့မိသားစုထဲက ကလေးတစ်ယောက်နဲ့တူတယ်လို့ ငါမထင်မိသေးဘူး"

လော့ချယ်က ဘီယာတစ်ငုံသောက်ပြီး "ဘာလို့လဲဆိုတော့ ငါက လော့မိသားစုက မဟုတ်လို့ပဲ"

"အိုး"

လော့ကျစ်ယွီ ပေါ့ပေါ့ပါးပါးဖြေပြီးနောက်
လော့ချယ်ပြောလာတာကို သဘောပေါက်သွားရ၏။ သူသည် ထိုဝါကျကြောင့် ထခုန်မိလုနီးပါးပင် ဖြစ်သွားရလေသည်။"မင်းဘာပြောတာ၊ ထပ်ပြောကြည့်"

လော့ချယ် ဘီယာဘူးအလွတ်ကို ဘေးသို့ပစ်ချလိုက်ပြီးနောက် ဘီယာဘူးအသစ်ကိုယူ၍ဖွင့်လိုက်ပြီး တစ်ငုံထပ်သောက်ကာ ပြန်ဖြေလိုက်သည်။"ငါပြောတာ ငါက လော့မိသားစုရဲ့ ကလေးမဟုတ်ဘူး"

လော့ကျစ်ယွီသည် အရက်သောက်ထားသော်လည်း အရက်မမူးသေးချေ။ လော့ချယ် ဒီလိုဟာသမျိုး မလုပ်နိုင်ဘူးဆိုတာ သူသိသည်။ သူပြောသမျှက အမှန်တွေပင်။

ဗုဒ္ဓဘာသာ၀င်မိန်းကလေးက စာအုပ်တစ်အုပ်ထဲကို ကူးပြောင်းသွားတယ်Where stories live. Discover now