လော့ချယ်၏စကားကို မည်သူကမျှ အလေးအနက်မထားခဲ့ကြပေ။လော့ချယ် ဖျော်ဖြေရေးနယ်ပယ်ထဲမှ နုတ်ထွက်သွားသည်ကို လူတော်တော်များများက စိတ်မကောင်းဖြစ်ကြသော်လည်း လူအများစုအတွက်တော့ ၎င်းက အရေးမကြီးပါချေ။
ပြတ်ပြတ်သားသားပြောရပါက လော့ချယ် အနားယူသွားလျှင်ပင် ၎င်းက သူတို့အတွက် မည်သည့်အကျိုးမှရှိမည်မဟုတ်ပေ။
အကယ်စင်စစ် ဖျော်ဖြေရေးနယ်ပယ်အပြင်ဘက်ရှိ လူများကသာ ဖရဲသီးကို မြိန်ရေရှက်ရေ စားကြပြီး နှစ်သက်ကြသည်။ ဤနယ်ပယ်ရှိလူများသည် အမှန်တကယ်တွင် အခြားသူများ၏ကိစ္စများကို ဂရုစိုက်ရန် အားလပ်ချိန်မရှိပေ။
သို့သော် လော့ချယ် ဖျောဖြေရေးနယ်ပယ်မှနုတ်ထွက်ရန် ရည်ရွယ်ထားသည်က နှမြောစရာကောင်းသည်ဟု ယွီဝေ့ထင်လေသည်။
သူသည် လော့ချယ်ကို အလွန်အကောင်းမြင်သူဖြစ်ပြီး လော့ချယ်က ဟောလိဝုဒ်သို့ အနှေးနှင့်အမြန်ဝင်ရောက်ကာ နိုင်ငံကျော်စူပါစတားတစ်ဦး ဖြစ်လာနိုင်သည်ဟု တွေးထင်ခဲ့သည်။ သူ့အသက်မွေး၀မ်းကြောင်း ကျဆင်းနေချိန်တွင် လော့ချယ်က ကူညီပေးခဲ့သည့်အတွက် ယွီဝေ့က လော့ချယ်ကို လူယုံအဖြစ် ခေါ်သွားချင်ခဲ့၏။
ကံမကောင်းစွာဖြင့် လော့ချယ်က သူ့ကို ထိုအခွင့်အရေး မပေးခဲ့ပါချေ။
သို့သော် လူတစ်ယောက်၏ဘဝတွင် တစ်စုံတစ်ယောက်နှင့် တွေ့ဆုံရခြင်းက အမြဲလိုလိုပင် ရေစက်ကြောင့်သာဖြစ်သည်။
ယွီဝေ့က သူ့ဖန်ခွက်ကို လော့ချယ်ဆီ မြှောက်ပြလိုက်ပြီး ကျယ်လောင်စွာပြောလိုက်သည်။ "တောက်ပတဲ့အနာဂတ်နဲ့ ပျော်ရွှင်တဲ့ဘဝလေးဖြစ်ပါစေလို့ လော့ချယ်ကို ဆုတောင်းပေးလိုက်ကြရအောင်"
ဒါရိုက်တာက ထိုသို့ပြောသည့်အခါ လက်ထောက်ဒါရိုက်တာ၊ ဓာတ်ပုံဆရာ၊ ဝန်ထမ်းများ၊ ဇာတ်ပို့သရုပ်ဆောင်များနှင့် အခြားသူများက သဘာ၀ကျကျပင် မတ်တပ်ထရပ်လိုက်ကြပြီး ခွက်ကို မြှောက်လိုက်ကြ၏။
လော့ချယ်ဘေးမှ ကုမျန်သည်လည်း မတ်တပ်ရပ်လိုက်သည်။
သူမ၏ခွက်ထဲတွင်တော့ ဝိုင်နီတွေ ပြည့်နှက်နေလေသည်။
YOU ARE READING
ဗုဒ္ဓဘာသာ၀င်မိန်းကလေးက စာအုပ်တစ်အုပ်ထဲကို ကူးပြောင်းသွားတယ်
RandomStatus in COO : 253 chapters (complete)