Ch 19

683 48 17
                                    

(Unicode)

"daou ဘယ်မှာလဲ ဘယ်မှာလဲလို့"

"သားoffroad စိတ်ထိန်းပါအုံး daouခွဲစိတ်ခန်းထဲမှာပဲရှိသေးတယ်"

"ကုမ္ပဏီကိုမသွားဖို့ တားခဲ့သင့်တာ ကျွန်တော့်ကြောင့်ပါ ကျွန်တော်မတားခဲ့မိတာ"

"ကံတရားကြောင့်ပါ သားနဲ့မဆိုင်ပါဘူး လာထိုင်ပါအုံး"

"ဟုတ်တယ် သား မငိုပါနဲ့ daouအဆင်ပြေမှာပါ အန်တီတို့ဆုတောင်းပေးကြရအောင်လေ"

ဦးအောင်မြင့်မိုရ်နဲ့ ဒေါ်ပုလဲကေခိုင်တို့ငိုယိုသောင်းကျန်းနေသောoffroadကိုချော့‌ကာပြောနေရသည်၊
***

"ခွဲစိတ်မှုကတော့ အောင်မြင်ပါတယ် အသက်အန္တရာယ်ရှိတဲ့အခြေအနေကနေ ကျော်လွှားနိုင်ခဲ့ပါပြီ"

"ဒါဆို ဘယ်အချိန်သတိပြန်လည်မလဲဆရာ"

"အဲ့တာကတော့ စောင့်ကြည့်ရအုံးမဲ့အခြေအနေပါပဲ တစ်ပတ်အတွင်းပြန်သတိရနိုင်သလို တစ်လအထိလည်းကြာသွားနိုင်ပါတယ်"

"ခွဲစိတ်မှုအောင်မြင်တယ်ဆို အခုချက်ချင်းသတိရအောင်လုပ်ပေး"

"သားoffroad ၊ ပုလဲ သားကိုခေါ်သွားလိုက်ပါအုံး"

"လာ သား အန်တီတို့အခန်းထဲဝင်ရအောင်"
***

"ကိုကို အခုလိုလှဲမနေပါနဲ့ ကျွန်တော့်ကိုစကားထပြောပါအုံး ကျွန်တော့်ကိုချစ်တယ်ဆို ကျွန်တော့်စကားနားထောင်လေ ထလို့ အခုထ"

"သား အိမ်ပြန်ပြီးအနားယူလိုက်ပါလား တစ်ညလုံးလည်းမအိပ်ထားဘူး ပြန်နားလိုက်အုံးနော် daouကိုအန်တီကြည့်ထားလိုက်ပါမယ်"

"ဟင့်အင်း မပြန်ဘူး daouနိုးလာလို့ ကျွန်တော့်ကိုမတွေ့ရင် ဝမ်းနည်းနေလိမ့်မယ်"

"သားoffroad ကိုယ့်ကျန်းမာရေးကို ဂရုစိုက်အုံးမှပေါ့ အန်တီ့စကားနားထောင်ပါ လာ"

"မပြန်ဘူး daouဘေးမှာပဲနေမှာ ကျွန်တော်တောင်းပန်ပါတယ် ကျွန်တော့်ကိုပြန်မလွှတ်ပါနဲ့နော်"

ငိုယိုကာ ပြောနေသည့်offroadစကားများကြောင့် ဒေါ်ပုလဲကေခိုင်လည်း ထပ်တူငိုမိခဲ့လေသည်၊ ဦးအောင်မြင့်မိုရ်ကတော့ ကုမ္ပဏီမှာ အခြေအနေတည်ငြိမ်အောင် သွားရောက်ထိန်းသိမ်းနေလေသည်၊
***

ကိုယ့်အပိုင် (Completed)Where stories live. Discover now