အခန်း(၈) ဖွင့်ပြောခြင်းအောင်မြင်

9.3K 78 0
                                    

"ငါ့မှာ နင့်လို ညီမမျိုးမရှိဘူး နင့်ကြောင့်နဲ့ငါပါ ညစ်ပတ်သွားမှာစိုးရတယ် "

လျန်ရှီ မျက်လုံးနီရဲလာပြီး ငိုယိုနေတာကြောင့် အရမ်းစိတ်ထိခိုက်တဲ့ပုံပေါ်နေသည်။

လျန်ကျန်းမူတွေ့သွားတော့ လျန်လျန်ကို ဒေါသတကြီးအော်ဟစ်လိုက်သည်။

"လျန်လျန် ငါနင့်ညီမကို အိမ်မှာ ပေးမနေဘူးလို့ ကတိပေးထားပေမဲ့ အခု သူဒဏ်ရာရနေတယ် သူတစ်ယောက်ထဲ အပြင်မှာ ရှိနေမှာကို မင်း မြင်ရက်လို့လား?"

လျန်လျန် နှာရှုံ့လိုက်ပြီး လျန်ကျန်းမူကို နာကျည်းစွာကြည့်လိုက်ပြီး အော်ရယ်လိုက်သည်။

"အဖေ စိတ်မချဖြစ်နေရင် အဲ့ဟာမနဲ့ အပြင်မှာ လိုက်နေလိုက်ပါလား ? ဒီအိမ်မှာ မနေနဲ့ ! ဒီအိမ်က သမီး အမေပိုင်ဆိုင်မှု တစ်ဝက်ပါတယ် ဘာလို့ အပြင်ကဟာမကို နေခွင့်ပြုရမှာလဲ??"

လျန်ကျန်းမူ ဒေါသထွက်လွန်းလို့ တစ်ကိုယ်လုံးတုန်ယင်နေပြီး လျန်ရှီရဲ့ လက်ကိုဆွဲပြီး လျန်လျန်ကို ဆဲဆိုရင်း အိမ်အောက်ထပ်ကို ဆင်းလာခဲ့သည်။

လျန်ကျန်းမူသည် အသက်ကြီးပြီ ဖြစ်တဲ့ အတွက် သမီး နှစ်ယောက်ကို သင့်သင့် မြတ်မြတ်ဖြစ်စေချင်သည်။

သူသည် လျန်လျန် ကို အချစ်ဆုံးဆိုပေမဲ့ သူမရဲ့ စကားတွေက သူ့ရဲ့ ဒေါသ ကို မထိန်းနိုင်ဖြစ်စေသည် ။

လျန်လျန် တံခါးကို လက်နဲ့ ရိုက်ချလိုက်ပြီး တစ်ယောက်ထဲ ကျန်နေခဲ့တာကြောင့်  ရုတ်တရက် ကျုန်းဟန်နင်ကို ‌တွေ့ချင်လာသည်။
.
.

ကျုန်းဟန်နင်သည် ပြတင်းပေါက်ဘေးတွင်ထိုင်နေပြီး လျန်လျန်ကို ငေးကြည့်နေပေမဲ့ လျန်လျန် ကတော့ သူ့ကို တစ်ချက်မှတောင် လှည့်မကြည့်ခဲ့ပေ။

သူ့ကို ဒေါသထွက်နေသေးတယ် ထင်တယ် !

အရင်ဘဝတုန်းက သူတို့ ရန်ဖြစ်ရင် လျန်လျန်သည် အိပ်ခန်းထဲတွင် တံခါးပိတ်ပြီး ပုန်းနေတတ်သည်။

ကျန်းယဲ့သည် အတန်းခေါင်းဆောင်ရဲ့ မှိုင်တိမှိုင်တိုင် ပုံစံကို ကြည့်ပြီး သက်ပြင်းချလိုက်သည်။

အချစ်များအားလုံးမင်းအတွက်သာ♥️( Completed)Where stories live. Discover now