❤️

117 24 3
                                    

"သူ့လက်မောင်းမှာ HMC လို့ ထိုးပေး"

"ဟုတ်ကဲ့ သခင်လေး"

မက်သရူးကို Tattoo ဆရာ့ဆီမှာ ထားပြီး ထွက်သွားတဲ့ ကိုကို့ နောက်ကျောကို ငေးနေမိတယ်။

"သခင်ငယ်လေး ထိုးတော့မလား"

"ဟုတ်ကဲ့"

တကယ်တော့ မက်သရူး ဒီ Tattoo ကို မထိုးချင်ပါ။ ဒါပေမယ့် မထိုးချင်ဘူးလို့လည်း မပြောရဲ။ ကိုကိုက သူ့ကို တုန်နေအောင်ချစ်တာလို့ လူတွေပြောကြတယ်။ တကယ်တော့ ကိုကို ဖော်ပြတဲ့ ချစ်ခြင်းမေတ္တာတွေက မက်သရူး လိုချင်တဲ့ ပုံစံမျိုးမဟုတ်။ ဒါပေမယ့်လည်း ငြင်းပိုင်ခွင့်ရယ်လို့ မက်သရူးမှာ မရှိ။ ကိုကိုက သူလုပ်ပေးနေတာတွေ ငြင်းတာ လုံး၀မကြိုက်။

HMC တဲ့။

အဓိပ္ပာယ်ကတော့ ဟန်မြောလ်ဂိုဏ်းရဲ့ C person. A person က ကိုကို့ ဖေဖေ။ B person က ကိုကို။ မက်သရူးကတော့ C person ပင်။

ဟန်မြောလ်ဂိုဏ်းဆိုတာ အရင်ကတည်းက ကိုရီးယားမှာ နာမည်ကြီး ဂိုဏ်းပင်။ ကိုကိုပါ ဦးစီးတွဲလုပ်နေတဲ့ ကာလရောက်လာတော့ ဟန်မြောလ်ဂိုဏ်းက တရုတ်နဲ့ ဂျပန်မှာအထိ ကြီးထွားလာတယ်။ အဓိကကတော့ မူးယစ်ဆေးရောင်းကြတာထင်တယ်။ ထပ်ပြီး တရားမ၀င်အလုပ်တွေ ဘာတွေလုပ်သေးလဲတော့ မက်သရူး မသိ။ စိတ်လည်း မ၀င်စား။ ဒါပမယ့် ကိုကိုက C person ဆိုတဲ့ Tattoo ထိုး ခိုင်းတော့လည်း မက်သရူး မငြင်းနိုင်။

ငယ်ငယ်ကတည်း ကိုကိုပေးတာတွေ မက်သရူး မငြင်းရဲ။ ကိုကိုက ငြင်းတာကို လုံး၀မကြိုက်။ ကောင်းလို့ ကျွေးတာဆို စားရတယ်။ လှလို့ ဆင်တာဆို ၀တ်ရတယ်။ ခုလည်း မက်သရူး အသက်နှစ်ဆယ်ပြည့်တဲ့ မွေးနေ့အဖြစ် ကိုကိုက C person ဆိုတဲ့ နေရာကိုပေးခြင်းပင်။ ဟန်မြောလ်ဂိုဏ်း၀င်ပေမယ့် HM ဆိုတဲ့ Tattoo ထိုးခွင့်ရတဲ့သူက လူအနည်းငယ်သာ။ ဂျပန်မှာတစ်ယောက်၊ တရုတ်မှာ တစ်ယောက်။ ပြီးတော့ ဒယ်ဒီ့ဘေးမှာ နှစ်ယောက် ကိုကို့ဘေးမှာ သုံးယောက်။ ပြီးတော့ မက်သရူးကို ကာကွယ်ဖို့ဆိုပြီး ဘေးမှာ ထားပေးထားတာက တစ်ယောက်။ အရင်က တစ်ယောက်ရှိဖူးပေမယ့် ဂိုဏ်းကို သစ္စာဖောက်လို့ သေသွားပြီတဲ့။

Belong to youWhere stories live. Discover now