Part-3

34 11 2
                                    

"ကိုကို"

"အင်း"

အတွေးများနေတာမို့ မက်ဒျူး Tattoo ထိုးပြီး ပြန်လာတာကို မသိ။ တော်သေးတာပေါ့ CCTV ကနေ တစ်ချိန်လုံး ထိုင်ကြည့်နေတာ မမိသွားလို့။

"မက်ဒျူး မွေးနေ့လက်ဆောင် ဘာလိုချင်လဲ"

"ဒါ မွေးနေ့လက်ဆောင်မဟုတ်ဘူးလား"

လက်မောင်းက Tattoo ကို ပြတာမို့

"ဟုတ်ပေမယ့် ထပ်ယူဦးလေ။ နာလား"

"တွေးထားသလောက် မနာပါဘူး"

"ဘာထပ်ရချင်လဲ"

"မရှိပါဘူး"

"ဘယ်သွားချင်လဲ"

"ဟင့်အင်"

မက်ဒျူးကို သူ အားမရ။ ပြောပါ့လား လုပ်ချင်တာတွေ။ လကမ္ဘာကို သွားချင်တယ်တို့ အင်္ဂါဂြိုလ်ပေါ်မှာ ရေခဲမုန့်စားချင်တယ်လို့ ပြောပါ့လား။ ဘယ်တုန်းက မက်ဒျူးပါးစပ်က ထွက်လာရင် မရခဲ့ဖူးဆိုတာ ရှိလို့လဲ။ ဂျီ၀န် အကုန် ဖြည့်ဆည်းပေးချင်လို့ မေးနေရင် မက်ဒျူးက ဘာလိုချင်တယ်လို့ ပြောရမှန်းမသိ။

"မက်ဒျူး ဟိုတလောက ဆံပင်အရောင်ပြောင်းချင်တာဆို"

"အဲ့တုန်းကပါ"

"ခု သွားပြောင်းရအောင်"

"ဟုတ်ကဲ့"

သွားမယ်ဆိုတော့လည်း လိုက်လာတယ်။ ဆံပင်ဆိုင်ရောက်တော့ ဘာအရောင်ဆိုးရမှန်းမသိ။

"ရွှေရောင်လေးဆိုးပေးပါ။ သူက အသားဖြူတော့ လိုက်မှာ"

တကယ်လည်း ရွှေရောင်‌နဲ့ မက်ဒျုးက လိုက်တယ်။ အမှန်တော့ မက်ဒျူးနဲ့ မလိုက်တဲ့ အရောင်လို့ သိပ်မရှိ။ အသားက ဖြူဥနေပြီး ပြုံးလိုက်ရင် လင်းလက်သွားအောင် လှတဲ့ ကောင်လေးမို့ ဘာ‌၀တ်၀တ် ဘယ်လိုနေနေ ချစ်စရာကောင်းတာရော လှတာရောက ရောနေပြီးသားပဲ။

"မက်ဒျူး ကိုကို့ဆီက မွေးနေ့လက်ဆောင် ယူချင်တာ မရှိဘူးပေါ့"

"ကျွန်တော်လိုတာ ဘာမှ မရှိဘဲ ကိုကို"

"မင်းမှာ လုပ်ချင်တာ ဖြစ်ချင်တဲ့ ဆန္ဒလေးတောင်မရှိဘူးလား"

You've reached the end of published parts.

⏰ Last updated: 4 days ago ⏰

Add this story to your Library to get notified about new parts!

Belong to youWhere stories live. Discover now