chapter 4

25 3 0
                                    

Chapter 4
Shwe Sin OoNovember 04, 2024
💫Chapter-4



ပိုက်ဆံရှာသည့်နေရာ၌ တပည့်လေးယောက်လုံးက တက်ကြွလွန်းလှသည်။

ရှဲ့ရုန်က စက္ခုကွန်ရက်ကို လက်ညှိုးထိုးပြရင်း ဦးဆုံး မှတ်ချက်ပေးလာ၏ ။

" ဒီကမ္ဘာတကယ်ကောင်းတယ်… ရုပ်ရည်နဲ့တောင် လုပ်စားလို့ရတယ်… ကျွန်တော့်အထင်တော့ ဒါက ကျွန်တော်နဲ့ဆို တကယ်ကိုက်တယ်…"

ရှဲ့ရုန်၏ ကျင့်ကြံရေးစွမ်းရည်က ထူးချွန်သော်လည်း ဂိုဏ်းတစ်ခုလုံးတွင် သူက ဘာမှလုပ်ချင်ကိုင်ချင်စိတ်မရှိသူ ဖြစ်သည်။ သူက ဂမ္ဘီရဉာဏ်ကို အထူးပြုယူထားရခြင်းမှာ ၎င်းက ရှင်သန်ရန်အတွက် ကောင်းကင်ဘုံကိုသာ မှီခိုထားရသောကြောင့် ဖြစ်သည်။ ထို့အပြင်က သူက တစ်နေ့လုံးဘာမှမလေ့လာသည့်အခါတွင်လည်း  ကောင်းကင်ဘုံတာအိုကို နားလည်ပြီးသားဟု ပြောလေ့ရှိသည်။ ပုံမှန်အားဖြင့် သူခရီးထွက်လျှင် သူက ဘုရားသခင်၏သတ္တဝါအပေါင်းအားစောင့်ရှောက်ပုံကို ဖွေရှာနေခြင်းသာဖြစ်ကြောင်း ပြောလေ့ရှိသည် ။

ရှဲ့ရုန် သဘောအကျဆုံးအရာက စားသောက်ခြင်းနှင့် ဟေးလားဝါးလားနေရခြင်းသာဖြစ်သည်။ သို့သော်လည်း သူက အလွန်ဝင့်ကြွားသောရုပ်ရည်ပြီး စကားပြောကောင်းသောကြောင့် အပြင်ဘက်ရှိ အထူးသဖြင့် ကျင့်ကြံသူမိန်းကလေးများက သူ့ကိုအတော်လေး သဘောကျကျသည် ။

၎င်းက သေချာပေါက် ရွှီယီ သဘောမတွေ့ဆုံးအချက်ဖြစ်ပြီး သူ့ကို အကြိမ်ပေါင်းများစွာ သီးသန့်ခန်းတွင် ပြန်သုံးသပ်ခိုင်းလေ့ရှိသည်။ ထို့အပြင် သူ့ကို သတ်မှတ်ထားသောအဆင့်သို့မရောက်မချင်း အပြင်သို့ပြန်မထွက်ခိုင်းပေ။ ၎င်းမှာ သူ ရွှေဗဟိုချက်အဆင့်သို့ရောက်သည်အထိပင်။

ဆာ့ဆာ့လည်း သူ့ကို အပြစ်တင်လိုက်မိသည်။

' တကယ်ပဲ ဒီလောက်အထိ လုပ်ဖို့ လိုလို့လား…'

အတိတ်တွင် တတိယစီနီယာအစ်ကိုက ကျင့်ကြံသူညီအစ်မများအားလုံးကို ဆွဲဆောင်နိုင်သည့်အတွက် သူမ ဂုဏ်ယူမိသည်။ ပုံမှန်အားဖြင့် သူက သူ့ရုပ်ရည်နှင့် လှည့်ပတ်နေလျှင် သူမ သူနှင့်အပြင်ထွက်ရန်ပင် မပျော်တော့ပေ ။ ၎င်းက ရှက်စရာကောင်းလွန်းသည် ။

ငါတို့ တစ်ဂိုဏ်းလုံး ကြယ်တာရာခေတ်ကို ကူးပြောင်းသွားပြီWhere stories live. Discover now