chapter 5

43 7 0
                                    

Chapter 5
Shwe Sin OoNovember 04, 2024
💫Chapter 5



လော့ပေါင် ဆေးစစ်ဖူးသည်မှာ ယခုက ပထမဆုံးအကြိမ်မဟုတ်ပေ။ သို့သော်လည်း တစ်ကြိမ်တစ်ခါမှ ထူးခြားခြင်း မရှိခဲ့ပေ။ သူက ညတွင်းချင်း ဉာဏ်ကြီးရှင်တစ်ယောက် ဖြစ်လာနိုင်ရန်မရှိပေ။

လော့ပေါင်၏ ဗီဇအဆင့်နှင့် စိတ်ဝိညာဥ်ပင်လယ်အားအဆင့်က အလယ်အလတ်မှ အမြင့်သို့တက်သွား၏။ ထို့အပြင် လော့မိသားစု၏ အကူအညီဖြင့် သူ့အနာဂတ်က ဆိုးလိမ့်မည်မဟုတ်ပေ။ ထို့မျှသာမက Sအဆင့်မှာ တစ်ဖက်ကမ်းခတ်အဆင့်ဖြစ်၍ လော့ပေါင်က ၎င်းကို အလွယ်လေးတက်သွားလိမ့်မည်ဟု မထင်ထားခဲ့ပေ ။

လော့မိဘများက လော့ကျန်းကို ဆွဲကာပြောလိုက်သည်။

" ဘာတွေဖြစ်နေတာလဲ ရှင်းရှင်းလင်းလင်းပြောစမ်း… လော့ပေါင်ရဲ့ ကျန်းမာရေးက မှားနေတာတော့ မရှိဘူးမလား…"

" အနည်းဆုံးတော့ စက်ပစ္စည်းတွေ စမ်းသပ်မှုအရ ဘာပြဿနာမှ မရှိပါဘူး… ဒါပေမဲ့ အခုဖြစ်နေတာတွေကို ကျွန်တော်လည်း သိပ်နားမလည်နိုင်ဘူး…"

' ဒါကြီးက လုံးဝကို သိပ္ပံနည်းမကျဘူးလေ…'

လူအများစု ဗီဇတိုးမြှင့်ဆေးသောက်သည်ကို လော့ကျန်းမြင်ဖူးသည်။ ထို့အပြင် ဓားထက်ထက်ဖြင့် အသားကိုရှမိလျှင်ပင် မျက်တောင်မခတ်သည့် သန်မာသောသူများက ဆေးသောက်ပြီးနောက် ဘေးထွက်ဆိုးကျိုးအနေဖြင့် အခန်းထဲတွင် နာကျင်မှုကို ခံစားနေရတတ်သည်။ ကိုယ်တက်ချင်သည့်အဆင့်က မြင့်လေလေ ဗီဇတိုးမြှင့်ဆေး၏ လိုအပ်ချက်များက မြင့်လေလေပင်။ ဆေးက မကောင်းမွန်လျှင် ၎င်းက အကောင်းမှအဆိုးသို့ပြောင်းပြီး ဗီဇပြိုကွဲခြင်းဖြစ်တတ်သည်။

ဆေးသောက်ခြင်းက နာကျင်ရတတ်ပြီး ၎င်းကို သည်းခံနိုင်ရန် စိတ်စွမ်းအင်များစွာ လိုအပ်လိမ့်မည်။ ထို့ကြောင့်လည်း ကလေးအရွယ်များကို ဆေးမသောက်ခိုင်းခြင်းဖြစ်သည်။ သူတို့က နာကျင်မှုကို သည်းခံနိုင်ရန် အလွန်ငယ်လွန်း၏ ။

ဒါပေမဲ့ စားဖို့သောက်ဖို့ပဲသိတဲ့ လော့ပေါင်က အဲဒီနာကျင်မှုကို ဘယ်လိုများ  ခံနိုင်ရည်ရှိသွားတာလဲ…

ငါတို့ တစ်ဂိုဏ်းလုံး ကြယ်တာရာခေတ်ကို ကူးပြောင်းသွားပြီWhere stories live. Discover now