Chapter 9
Shwe Sin OoNovember 05, 2024
💫Chapter 9ရှဲ့ရုန်က အနိုင်ရရန်သာ ပြင်ဆင်ထား၏။ ယခုတွင် သူ့ဂျူနီယာညီမလေးက တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်ရှူနေပြီး သူ့အတွက်ပင် ဖန်အင်အားတည်ထောင်ရန် အသင့်ဖြစ်နေသည်။ ထို့ကြောင့် သူလည်း ပိုအလေးအနက်ဖြစ်လာပြီး သူ၏ သင်္ကေတရှစ်ချပ်ဘုတ်ပြားကိုပါ ထုတ်လိုက်သည်။
တိုက်ရိုက်ထုတ်လွှင့်မှု၌ ကြည့်ရှူသူများက ပွဲကိုစောင့်ကြည့်နေကြပြီး ယောက်ျားနှစ်ယောက် ပွဲကြီးကြီးဖြစ်လာမည်ကို မစောင့်နိုင်ကြတော့ပေ။ ၎င်းက အခမဲ့ ကြော်ငြာပေးနေသလိုပင်။ တင်ဆက်သူနှစ်ယောက် တိုက်ရိုက်ထုတ်လွှင့်သည့်အခန်းနှစ်ခန်းကို ချိတ်ဆက်လိုက်သောကြောင့် နှစ်ယောက်ထဲမှတစ်ယောက်၏ တိုက်ရိုက်ထုတ်လွှင့်မှုအခန်းကိုဝင်လိုက်သည်နှင့် သူတို့တိုက်ခိုက်နေသည်ကို တွေ့မြင်ရနိုင်သည်။
ကြယ်တာရာခေတ်တွင် ရုပ်လွန်ပညာကို ယုံကြည်သက်ဝင်သူက လူနည်းစုသာဖြစ်ပြီး ဂမ္ဘှီရပညာကလည်း ငွေရပေါက်တစ်ခုဖြစ်သည်။ ဂမ္ဘီရဆရာနှစ်ယောက် လူသိရှင်ကြားပြိုင်ဆိုင်သည့်ပွဲက ဂမ္ဘီရပညာကို စိတ်မဝင်စားသည့်သူများ၏ အာရုံကိုပါ ဆွဲဆောင်မိသည် ။
နှစ်ယောက်စလုံးက ပြောစရာပင်မလိုအောင် ကြည့်ကောင်းနေ၏။ ရှဲ့ရုန်၏ မျက်နှာကလည်း ပြောစရာမလိုသလို လီယိကလည်း ရှဲ့ရုန်နီးပါးလောက် အမြင်ဖမ်းစားနေပြီး သူ့ထပ် အနည်းငယ်အသက်ပိုကြီးပုံရသည်။ သို့သော်လည်း သူတိုက်ရိုက်ထုတ်လွှင့်မှုကို စတင်လိုက်သည်နှင့် သူက အခြေအနေဆိုးမှာမဟုတ်ကြောင်း သေချာနေပြီး ပြုမူပုံများက အလွန်အဆင့်မြင့်နေ၏။
ရှဲ့ရုန်နှင့် လီယိက မျက်နှာပြင်တွင် တစ်ဖက်တစ်ချက်စီ၌ ပေါ်လာသောအခါ 'ဘယ်သူက ဆရာနဲ့ ပိုတူသလဲ' ဟု မေးနေသည့်အလား လူအများက လီယိကို ဆရာနှငိ့ ပိုတူသည်ဟု တွေးလိုက်မိကြသည် ။ သို့သော်လည်း လူအချို့ကမူ မီးမောင်းထိုးခံရသည့်သမင်လေးအလား ရှဲ့ရုန်၏ မျက်နှာကိုသာ ဦးတည်ကြည့်နေကြ၏ ။
ရှဲ့ရုန်နဲ့ လီယိတို့ ထပ်ပြီး တိုက်ရိုက်ထုတ်လွှင့်နေကြပြီ…
YOU ARE READING
ငါတို့ တစ်ဂိုဏ်းလုံး ကြယ်တာရာခေတ်ကို ကူးပြောင်းသွားပြီ
Historical FictionTitle - My Whole Sect Transmigrated to The Interstellar World 💫transition, Norman Novel