30

739 11 0
                                    

             ခြွေညို့နိုင်လွန်း သူ
                                           or
                   အခန်း (၃၀)     ဖိုက်တာလို ချွေးမ
.

" ကျွန်တော် ဘာလုပ်ပေးရမလဲ... အဒေါ့်ရဲ့အမှုကို
မာမီ့ဘက်ကကြေအေးပေးဖို့အတွက် "

" ဝတ်ရည်မှုံနဲ့ စေ့စပ်ပွဲကိုလက်ခံရမယ် "

" မာမီ့..! "

" မင်းပဲ ဘာလုပ်ပေးရမလဲ လို့ မေးတာလေ။အဲ့တော့ မာမီက မာမီလုပ်စေချင်တာကို ပြောတာလေ "

" မာမီပြောတာက မဖြစ်နိုင်တာကို ပြောနေတာလေ။ကျွန်တော်က ဘယ်လိုလုပ်ပေးနိုင်မှာလဲ "

" မင်း လုပ်မပေးနိုင်ဘူးပေါ့ "

" ကျွန်တော် သဘောမကျတဲ့ မိန်းကလေးနဲ့ ဘယ်လိုလုပ်လုပ်ပြီး စေ့စပ်နိုင်မှာလဲ မာမီ "

" ကောင်းပြီလေ... ဒါဆို မာမီလည်း ကြေအေးပေးမှာ မဟုတ်ဘူး "

" မာမီ သိပ်အတ္တကြီးတာပဲ..။ဘာလို့ သားဖြစ်တဲ့ ကျွန်တော့်စိတ် ကျွန်တော့်ခံစားချက်တွေကို ဥပေက္ခာပြုနိုင်ရတာလဲ။ကျွန်တော် နာကျင်ရတာကို မာမီကမြင်ချင်တာလား။သဘောကျတာလား
ပြောပါအုံး "

" မော်ကွန်းတိုက် ကလေးကလားစကားတွေ သိပ်မပြောစမ်းနဲ့။မာမီ မင်းနဲ့စကားသိပ်မပြောနိုင်ဘူး။ဒဏ်ရာက ကိုက်ပြီးနာနေတာနော်။ဒဏ်ရာက နာတိုင်း တဆစ်ဆစ်နဲ့ ထွက်လာတဲ့ ဒေါသတွေကို မင်းအပေါ်  မာမီပုံမချလိုက်ချင်ဘူး။စကားပြောတာကို
ဆင်ဆင်ခြင်ခြင်နဲ့ပြော.. "

တိုက်, မာမီ့ဘက်က နည်းနည်းလေးတောင် အလျော့ပေးမည့်ပုံမမြင်တာကြောင့်... ဆုံးဖြတ်ချက်တစ်ခုကိုချလိုက်ရသည်။ထိုဆုံးဖြတ်ချက်ကသာ
ချာတိတ်အမေကို အချုပ်ကလွှတ်အောင် လုပ်ပေးနိုင်မှာလေ။

" ကျွန်တော် ဝတ်ရည်မှုံနဲ့စေ့စပ်ပါ့မယ် "

" ဘာ... ဝတ်ရည်မှုံနဲ့စေ့စပ်မယ်။မာမီ နားကြားများ
မှားလေသလား သား "

" မမှားပါဘူး။ကျွန်တော် ဝတ်ရည်မှုံနဲ့စေ့စပ်ပါ့မယ် "
" သား... မင်း တကယ်သေချာလို့လား။ပြီးမှ အကုန်လုံး မျက်နှာပျက်စရာတွေ ဖြစ်ကုန်မယ် "

ခြွေညို့နိုင်လွန်းသူ(or)ဖိုက်တာလိုချွေးမ CompletedWhere stories live. Discover now