ခြွေညို့နိုင်လွန်း သူ
or
အခန်း (၆၁) ဖိုက်တာလို ချွေးမ
." တော်ပြီလား... ဘာထပ်ဝယ်သွားချင်သေးလဲ
သည်းငယ် "" တော်ပြီ ဦးတိုက်။အမေ့အတွက် ဆေးတွေရော၊
အသီးတွေရော၊မုန့်တွေရော၊အနွေးထည်လေးပါ ထည့်ဝယ်ခဲ့တယ်။အများကြီးသွားရင် အမေက သူ့အတွက် ပိုက်ဆံတွေသုံးလို့ဆိုပြီး ပြောနေအုံးမှာ။ပြန်ခါနီးမှ စာအိတ်လေးနဲ့ အမေသုံးဖို့ ပိုက်ဆံထပ်ကန်တော့ခဲ့မယ် "" ဒါဆိုလည်း အမေ့အိမ်ကို သွားကြတာပေါ့ "
" အင်း "
ယောက္ခမအတွက် လိုအပ်တာတွေ ဝယ်ခြမ်းအပြီးမှာတော့ တိုက်,လင်မယားနှစ်ယောက် ကားနဲ့ ယောက္ခမအိမ်ကို ထွက်လာခဲ့ကြသည်။
....
" သမိီးတို့က လာမယ်ဆိုလည်း ကြိုပြီးတော့ မပြောဘူးကွယ်။ညနေစာ အမေကြိုချက်ထားလို့ရတာပေါ့ "
" အစကတော့ ပြောမလို့ပဲ။ချက်ပြုတ်နေရင် အမေပင်ပန်းလို့ အိမ်ကနေ စားပြီးမှ ထွက်လာခဲ့တာ "
" သမီးတို့နှစ်ယောက်စာလေးချက်ရတာ အမေ့အတွက် မပင်ပန်းပါဘူး။နေပါအုံး... ဒါတွေက
ဘာတွေဝယ်လာတာတုန်း။အထုပ်တွေအများကြီးနဲ့
"သမီးနဲ့ သမက်လက်ထဲက အထုပ်တွေကိုယူရင်း
များလွန်းတဲ့ အထုပ်တွေကို ကြည့်ပြီး မေးလိုက်တော့..." အမေ့အတွက် စားစရာတွေနဲ့ လိမ်းဆေး၊သောက်ဆေးလေးတွေနဲ့ အနွေးထည်လေးတစ်ထည်ဝယ်လာပေးတာ "
" အိုကွယ်... ဘာလို့ ပိုက်ဆံအကုန်ခံပြီး ဝယ်လာရတာလဲ "
" တွေ့လား... ဦးတိုက် အမေကလည်း နည်းနည်းလေး ဝယ်လာတာတောင် သူ့အတွက် အများကြီး ဝယ်လာတယ်လို့ ထင်နေတာ "
သည်းငယ် က သူ့အမေအား တိုက်,ကိုတိုင်တန်သလိုပြောလာတာကြောင့် တိုက်,သည် သားမိနှစ်ယောက်ကို အပြုံးဖြင့်ကြည့်လိုက်မိပြီး...
" ကျွန်တော်တို့ ဝယ်လာတာ နည်းနည်းလေးပါပဲ
အမေ။အမေ့ကို စားစေချင်လို့ ဝယ်လာတာဖြစ်လို့
ပိုက်ဆံအကြောင်း မတွေးဘဲနဲ့ စားပါ။ဆေးတွေလည်း စုံစုံလင်လင် ဝယ်လာပေးခဲ့တယ်။လိုချင်တာရှိသေးလည်း ပြောပါ။ ကျွန်တော်တို့ ဝယ်ခဲ့ပေးပါမယ် "

YOU ARE READING
ခြွေညို့နိုင်လွန်းသူ(or)ဖိုက်တာလိုချွေးမ Completed
Lãng mạnဦးနဲ့ ချာတိတ်ကိုမှ ယောက္ခမနဲ့ပါ ဖိုက်တဲ့ ချွေးမလေးပါ😊