39

609 6 0
                                    

ခြွေညို့ညို့နိုင်လွန်း
                                           or
                   အခန်း (၃၉)     ဖိုက်တာလို ချွေးမ
.

" တောက်! ဒီလောက်ပြောနေတဲ့ကြားက လက်ထပ်ချင်အုံး "

" အမေ့! "

ဒေါသမာန်နှင့် လက်ကိုအားနဲ့လွှဲ၍ ရွှေညို့ကိုရိုက်ဖို့
လက်ရွယ်လိုက်တဲ့ အမေ။ကြောက်လန့်ပြီး
မျက်လုံးကို မှိတ်ချလိုက်မိတဲ့ ရွှေညို။

" ဖြောင်း! "

" ဟင်... "

အမေ ရိုက်လိုက်တဲ့ အသံသာထွက်လာတယ်။အမေ့လက်က ရွှေညို့ပါးပြင်ပေါ်ကို ရောက်မလာခဲ့တာမို့... မျက်လုံးကို ခပ်မြန်မြန် ဖွင့်ကြည့်လိုက်မိသည်။

ရွှေညိုမှာ မထင်မှတ်သော အရာကိုသိမြင်လိုက်ရတာမို့... ပါးစပ်အဟောင်းသားနှင့် အံ့သြမှင်သတ်သွားရသည်။

" အို... ဦး ဦးတိုက်... "

ရွှေညိုအစား ဝင်ခံလိုက်တဲ့သူက ဦးတိုက် တဲ့လေ။

ဒေါ်ညိုညိုသည်လည်း မထိန်းနိုင်သည့် ဒေါသကို ရှေ့တန်းတင်ပြီး တစ်ခါမှ မရိုက်ဖူးသည့် သမီးရဲ့ပါးကို ရိုက်လိုက်မိသည်။သို့သော် ရိုက်လိုက်တဲ့ လက်ကသမီးရဲ့ပါးပေါ်ကမရောက်။အနားကို ရုတ်တရက်ရောက်လာတဲ့ မောင်မော်ကွန်းတိုက်၏
ပါးကိုရိုက်မိသွားသည်။

ဒေါသထွက်နေပေမဲ့လည်း သူများသားသမီးကို ရိုက်လိုက်မိတာကြောင့် အားနာမိတာတော့အမှန်။ဒါတောင်းပန်သင့်မှန်းလည်းသိပေမဲ့ သမီးဇောနဲ့ မိခင်တစ်ယောက်ရဲ့အတ္တကြောင့် တောင်းပန်စကားတော့ နူတ်ကပြောမထွက်။

" တောင်းပန်ပါတယ် အဒေါ်  "

" မင်း က ဘာကို တောင်းပန်တာလဲ။ခဏဆိုပြီး
ခေါ်သွားခဲ့တဲ့ ငါ့သမီးကိုခိုးသွားတဲ့ အတွက်လား။လူကြီးစုံရာနဲ့လာပြန်အပ်တာမျိုးမရှိဘဲ... ငါ့သမီးကို ဒီတိုင်းပြန်လွှတ်တဲ့ အတွက်လား! "

" အမေ မဟုတ်ဘူး... အမေထင်တာ မှားနေပြီ။ရွှေညို ရှင်းပြမယ် "

" နင့်ပါးစပ်ကိုပိတ်ထားစမ်း! ရွှေမိုးညိုည်ို! "

" ပိတ်ဆိုလည်း ပိတ်ပါ့မယ်။ဒါပေမဲ့ အခုအိမ်ကိုပြန်လာတာ ရွှေညိုအမေ့ကိုတွေ့ချင်လို့ ဦးတိုက်ကိုလိုက်ပို့ပေးဖို့ ပူဆာလို့... ဦးတိုက် က ခဏလေးလိုက်ပို့ပေးတာပါ။ဦးတိုက် ကို အထင်မလွဲပါနဲ့ အမေ "

ခြွေညို့နိုင်လွန်းသူ(or)ဖိုက်တာလိုချွေးမ CompletedWhere stories live. Discover now