59

504 4 0
                                    

            ခြွေညို့နိုင်လွန်း သူ
                                           or
                   အခန်း (၅၉)     ဖိုက်တာလို ချွေးမ
.

" နေပါအုံး... ငါက ဒီကဖေးဆိုင်ကိုလာတာတော့
ဟုတ်ပါပြီ။ဖုန်းထဲက လူကိုမှ မသိတာ။ဘယ်လိုများ ရှာရပါ့မလဲ "

ချိန်းဆိုထားတဲ့ ကဖေးဆိုင်ကို ရောက်လာခဲ့ပေမဲ့...
တွေ့ရမယ့်လူက ဘယ်သူဆိုတာကို မသိတာကြောင့် ဒေါ်လှိုင်သစ္စာမှာ ကဖေးဆိုင်ထဲ၌ ယောင်လည်လ ည် ဖြစ်နေရသည်။ထိုအချိန်မှာပဲ ကဖေးဆိုင်ရဲ့ဝန်ထမ်းတစ်ယောက်က ဒေါ်လှိုင်သစ္စာအနားကို
ရောက်လာခဲ့သည်။

" သူဌေးကတော် ကို စောင့်နေတဲ့ ဧည့်သည်ရှိလို့
ကျွန်မနောက်ကနေ လိုက်ခဲ့ပေးပါ ရှင့် "

" အင်း "

ဒေါ်လှိုင်သစ္စာ လာခေါ်တဲ့ ဆိုင်ဝန်ထမ်း မိန်းကလေး နောက်ကို လိုက်သွားလိုက်သည်။

" သူဌေးကတော် ကို တွေ့ဖို့စောင့်နေတဲ့ မိန်းကလေး က ဟိုထိုင်ခုံမှာ နောက်ကျောပေးပြီး ထိုင်နေတဲ့ မိန်းကလေးပါ။အဲ့ကို သွားလိုက်ရင် ရပါပြီ "

" ကျေးဇူးပဲ "

" ဟုတ်ကဲ့ "

နောက်ကျောပေးထိုင်နေတဲ့ မိန်းကလေးပုံစံကို
ကြည့်ရတာ တော်တော်လေး ရင်းနှီးမှုရှိတယ်လို့
ခံစားနေရသည်။ဘယ်လောက်တောင် ရင်းနှီးမှုရှိသလိုဆိုရင် ဟိုကောင်မလေး ရွှေမိုးညိုညိုလို့ ထင်မိတဲ့ အထိပါပဲ။ဟုတ်မဟုတ်ဆိုတာကတော့ ထိုမိန်းကလေးရဲ့မျက်နှာကို မြင်တော့မှာသာ သိရမည်ဖြစ်သည်။

ဒေါ်လှိုင်သစ္စာ အတွေးများစွာနှင့် ထိုကောင်မလေးအနားကို တစ်လှမ်းချင်း လျှောက်သွားလိုက်သည်။

" နင်  နင် က ငါ့ကို လာခိုင်းတဲ့ သူပေါ့ ရွှေမိုးညိုညို "

ထိုင်နေတဲ့ မိန်းကလေးနှင့် မျက်နှာချင်းဆိုင်လိုက်တဲ့ အချိန်မှာ... စိတ်ထဲထင်နေသည့်အတိုင်း ရွှေမိုးညိုညိုဖြစ်နေသည်မို့ တော်တော်လေး ဒေါသထွက်မိသွား၏။

ဒီကောင်မစုတ်လေး လာခိုင်းတာမှန်းသာ သိရင် ဒီနေရာကို မလာခဲ့ပါဘူးလေ။အခုတော့ မျက်နှာမြင်ရတာနဲ့တင် ဒေါသကထွက်နေရပြီ။

ခြွေညို့နိုင်လွန်းသူ(or)ဖိုက်တာလိုချွေးမ CompletedWhere stories live. Discover now