Part 11

1K 14 0
                                    

           ခြွေညို့နိုင်လွန်း သူ
                                           or
                   အခန်း (၁၁)     ဖိုက်တာလို ချွေးမ
.

" မငိုပါနဲ့တော့ သမီးရယ်... အန်တီလှိုင်ကလေ သားပြန်လာရင် ဒီနေ့လိုကိစ္စမျိုး ထပ်မဖြစ်အောင်လို့ သေချာပြောပါ့မယ်ကွယ် "

" ဟင့် ကို ကိုတိုက်ကလေ ဝတ်ရည်ကိုလက်မထပ်ဘူးတဲ့။ဝတ်ရည်ကိုသဘောမကျဘူးတဲ့ အန်တီရဲ့...
ဟင့် "

" သား သဘောမကျတော့ရော ဘာအရေးလဲကွယ်။
အန်တီ့ချွေးမဖြစ်မယ့် သမီးကိုအန်တီသဘောကျရင်ပြီး ရပြီလေ။ပြီးတော့ သားကလက်မထပ်လည်း
အန်တီ က သမီးနဲ့သားကို သေချာကိုလက်ထက်ပေးမှာ။အဲ့ဒါကြောင့် ဝမ်းလည်းမနည်းနဲ့တေ့။စိတ့လည်း မကောင်းမဖြစ်နဲ့တော့နော်... "

ဒေါ်လှိုင်သစ္စာမှာ နေ့လယ်ခင်းတရေးတမော အိပ်ပြီး အနာယူမလို့လုပ်နေတဲ့ အချိန်မှာ၊အိမ်ကိုငိုခြင်းချ၍ ရောက်လာတဲ့ ချွေးမလောင်းကို အချော့ခန်းဝင်နေရသည်။တဆက်တည်းမှာပဲ သားကိုလည်း
စိတ်တိုနေမိသည်။

ဘယ်နှယ့် ကိုယ့်အဆင့်အတန်းဆိုတာနဲ့ ကိုက်ညီတဲ့ အမျိုးသမီးငယ်လေးတစ်ယောက်လုံး ကိုယ့်ဘေးနားရှိနေတာကို မျက်လုံးက မြင်အောင် မကြည့်တတ်ဘူး။အခြေအမြစ်ကောင်းကောင်းရှိပုံလည်းမရ၊ဘယ်ကဟာမှန်းလည်းမသိတဲ့ ခပ်လည်လည်ကောင်မလေးကို သဘောကျနေပုံရတဲ့ သားကို
သမီးဝတ်ရည်နဲ့ အမြန်ရောချထားပေးဖို့လည်း အတွေးဝင်နေမိသည်။

" ဝတ်ရည်လေ ကိုတိုက် ကို အရင်ကတည်းက သဘောကျနေခဲ့ရတာပါ။အခုမှလည်း မဟုတ်ပါဘူး။အရင်ကတည်းက သဘောကျနေမိတဲ့ ကိုတိုက်ရဲ့ဘေးမှာ ရုတ်တရက် တခြားမိန်းကလေးပေါလာတော့... အရမ်းလည်းခံစားရတယ်။ဝတ်ရည်အတွက် ဘယ်လိုမှလည်း အဆင်မပြေဘူး။ကိုတိုက်ကြောင့် အလုပ်ထဲတောင်၊ကောင်းကောင်း အာရုံမစိုက်နိုင်ဘူး။ကိုတိုက်ကလည်း ဝတ်ရည် ကို
ငြင်းတော့ပိုခံစားရတယ်။အခုချိန်မှာ ဝတ်ရည်ရဲ့စိတ်ပူပင်မှုတွေကို ငြိမ်းအေးအောင် လုပ်ပေးနိုင်တဲ့သူက အန်တီတစ်ယောက်ပဲရှိပါတယ်။အာ့ကြောင့်လေ ဝတ်ရည် ကိုတိုက်နဲ့ပတ်သက်ပြီး၊ အန်တီ့ကိုယုံကြည်ပြီးနေလို့ရတယ်မလား ဟင် "

ခြွေညို့နိုင်လွန်းသူ(or)ဖိုက်တာလိုချွေးမ CompletedWhere stories live. Discover now