33

715 10 0
                                    

                      ခြွေညို့နိုင်လွန်း သူ
                                           or
                   အခန်း (၃၃)     ဖိုက်တာလို ချွေးမ
.

" သား မင်းရဲ့ရွေးချယ်မှုကို နောင်တမရမှာ သေချာလား "

" သေချာပါတယ် ဒယ်ဒီ "

" သားရဲ့ရွေးချယ်မှုက တစ်ဖက်က မိန်းကလေးကို
ထိခိုက်စေနိုင်တယ်ဆိုတာ သိတယ်မလား "

" သိပါတယ်။ကျွန်တော့် ရွေးချယ်မှုက ချာတိကိုအများကြီး ထိခိုက်စေတယ်ဆိုတာ... "

" အဲ့ဒါတောင် ဝတ်ရည်မှုံကိုပဲ ရွေးချယ်တယ်ပေါ့ "

" ဒယ်ဒီသိလား... လူတွေကလေ သူတို့သိပ်ချစ်တဲ့သူတွေကိုလေ ဘယ်တော့မှ အဆုံးအရှူံးမခံကြတာကိုလေ။တကယ်လို့ လူတစ်ယောက်က ကိုယ်ချစ်တဲ့သူကို လက်လွှတ် အဆုံးအရှူံးခံလိုက််တယ်ဆိုရင်၊အဲ့လူဆုပ်ကိုင်ထားတဲ့ သူချစ်ရတဲ့သူကို သူ့ကြောင့်နဲ့ မနာကျင်စေချင်တော့လို့... ရင်နာနာနဲ့ သူချစ်တဲ့သူရဲ့လက်ကို လွှတ်ပေးလိုက်ရတာပဲ "

" ကျွန်တော်လည်း ချာတိတ်ကိုအဆုံးထိ ဆုပ်ကိုင်ထားမှာ။ချာတိတ်ဆီ နာကျင်စရာတွေကျရောက်မလာအောင်၊အကောင်းဆုံးကာကွယ်သွားမယ်။မနက်ဖြန် စေ့စပ်ပွဲက ချာတိတ်ကို လုံးဝနာကျင်စေရမယ့် ပွဲမဖြစ်စေရဘူး "

" သား မင်းဘာတွေပြောနေတာလဲ။ဒယ်ဒီ သားပြောနေတာတွေကို တကယ်နားမလည်တော့ဘူး "

" အခုတော့ ဒယ်ဒီနားလည်မှာ မဟုတ်သေးဘူး။မနက်ဖြန်ဆိုရင်တော့ ကျွန်တော် ပြောတာကို ဒယ်ဒီ သေချာပေါက် နားလည်သွားမှာပါ။ကျွန်တော် အနားယူချင်ပြီမို့ အပေါ်တက်ပါတော့မယ်။ကောင်း
သောညပါ ဒယ်ဒီ "

ဦးမေတ္တာမှာ နားရခက်သော စကားတွေကိုဆိုပြီး၊ အနားကနေထွက်သွားတဲ့ သားကိုကြည့်ကာ သက်မောကိုချမိ၏။ထို့နောက် သားနဲ့ထိုင်စကားပြောတဲ့
ခြံထဲထိုင်ခုံလေးကနေ ထရပ်လိုက်သည်။ထိန်ထိန်သာနေတဲ့ လရဲ့အရောင်က အေးချမ်းလွန်းလှနေသည်။

လရောင်အောက်မှာ နေချင်သေးတာရယ်၊ မအိပ်ချင်သေးတာကြောင့် ခြံထဲမှာ လမ်းအနည်းအငယ်လျှောက်နေလိုက်သည်။

ခြွေညို့နိုင်လွန်းသူ(or)ဖိုက်တာလိုချွေးမ CompletedWhere stories live. Discover now