34

786 8 0
                                    

            ခြွေညို့နိုင်လွန်း သူ
                                           or
                   အခန်း (၃၄)     ဖိုက်တာလို ချွေးမ
.

" ကျွန်တော် အားလုံးကို ဒီနေရာကနေ ပြောချင်တာလေးရှိပါတယ်။ကျွန်တော် ပြောချင်တာကို မပြောခင်မှာ အရင်ဆုံး တောင်းပန်ချင်တဲ့သူ တစ်ယောက်ရှိပါတယ်။ကျွန်တော် သူ့ကို တောင်းပန်ပြီရင်းတော့
ခန်းမထဲမှာရှိတဲ့ နှစ်ဖက်မိဘတွေနဲ့ ဧည့်သည်တွေကို ပြောပါ့မယ်။အခုတော့ ကျွန်တော် မိန်းကလေးတစ်ယောက်ကို တကယ်စိတ်ရင်းနဲ့ တောင်းပန်စကားဆိုမှာပါ "

" ကိုတိုက် ရှင် ဘာတွေပြောနေတာလဲ "

" ပြောသင့်တာကိုပြောနေတာပါ။ဒါကြောင့် မင်းစိတ်ကိုအေးအေးထားပါ။ပြီးရင် ငါ ပြောတာကို
စိတ်အေးအေးနဲ့ နားထောင်ပါ "

" ကိုတိုက်... "

" မင်း ကို တောင်းပန်ပါတယ် ဝတ်ရည်မှုံ "

တိုက်,၏ စကားက နှစ်ဖက်မိဘတွေနှင့် ခန်းမထဲရှိလူများကို တအံ့တသြဖြစ်သွားစေခဲ့သည်။

" ဟင်.. ဟင်.. "

" သားကဘာတွေပြောနေတာလဲ ကိုမေတ္တာ "

" မင်း သား ပြဿနာရှာပြီထင်ထားတာပဲ လှိုင် "

" ဘာ ဘာပြဿနာလဲ ကိုမေတ္တာ "

" အဲ့ဒါတော့ ကိုယ်လည်းဘယ်သိမလဲ။မင်းသားကိုပဲ စောင့်ကြည့် "

ဦးမေတ္တာလည်း အထိတ်တလန့်ဖြစ်နေတဲ့ ဇနီးသည်ကို ထိုမျှသာပြောနိုင်သည်။တစ်ဖက်ကမိန်းကလေးရှင်ရဲ့မိဘတွေကလည်း သားနှင့်သူတို့သမီးဆီကို သတိလက်လွတ် ကြည့်နေကြသည်။

ကိုယ်တွေဇနှီးမောင်နှံလည်း မင်္ဂလာစဥ်မြင့်ထက်မှာရှိနေတဲ့ သားနှင့်ချွေးမလောင်းဆီကိုသာ အကြည့်တို့ရောက်နေ၏။

အားလုံးနဲ့မတူသောသူကတော့ ရွှေမိုးညိုညိုရယ်ပါ။သူမကတော့ ဘာခံစားချက်မှ မရှိသော မျက်ဝန်းတွေနှင့် မင်္ဂလာစဥ်မြင့်ထက်ကိုသာ ကြည့်နေ၏။

" ကို ကိုတိုက် က ဝတ်ရည် ကို ဘာလို့ တောင်းပန်တာလဲ "

ဝတ်ရည်,တုန်လှုပ်နေမိတဲ့ စိတ်ကိုထိန်းချုပ်ပြီး
မေးလိုက်တာပေမဲ့ စကားတွေက အနည်းငယ်တော့
ထစ်အသွား၏။

ခြွေညို့နိုင်လွန်းသူ(or)ဖိုက်တာလိုချွေးမ CompletedWhere stories live. Discover now