36

1.7K 26 4
                                    

         ခြွေညို့နိုင်လွန်း သူ
                                           or
                   အခန်း (၃၆)     ဖိုက်တာလို ချွေးမ
.

" သည်းငယ် တစ်ခုခုတော့ ထွက်စားမှပေါ့။အခန်းထဲ ဒီလိုကြီးထိုင်နေရင် အစာလွန်ပြီး ဗိုက်အောင့်လိမ့်မယ် "

" အောင့်ပါစေ... "

" သည်းငယ်ကလည်းကွာ... ဘာဖြစ်ချင်လို့လဲ ဘာလုပ်ချင်လို့လဲ မေးတော့လည်း မပြောဘူး။ကိုယ်
သည်းငယ် အစားထွက်စားအောင် ဘာလုပ်ပေးရမလဲ "

" အိမ်ပြန်မယ် "

" ပြန်ရမယ်။အခုတော့ မဟုတ်သေးဘူး။ပြန်ဖို့အချိန်ကျရင် "

" အခုမပြန်ရရင် ဘာစကားမှ လာမပြောနဲ့ ထွက်သွား။ရှင့်ကြောင့် မနက်စောစောစီးစီး အမေဆူတာရော၊စိတ်ဆိုးတာရော ခံရတယ်။အမြဲတမ်း ရှင့်စိတ်ခံစားချက်ကို ဦးစားပေးတယ်။သူများဘက်ကိုကြာ့်မပေးဘူး။ထွက်သွား... သွား "

အိပ်ရာနိုးနိုးချင်း အမေကဖုန်းဆက်လာပြီး၊ဆူပူကာ စိတ်ဆိုးပြီး ဖုန်းချသွားတာမို့.. ရွှေညိုမှာ စိတ်မကောင်းဖြစ်နေရတာ ဖြစ်သည်။

" ကိုယ်တောင်းပန်ပါတယ်။သည်းငယ်အမေကိုလည်း ကိုယ် သေချာရှင်းပြပေးပါ့မယ် "

" ရှင့်မာမီကရော... သဘောတူမယ်ထင်နေတာလား။ရှင့်ကိုသဘောကျရုံလေးတောင် အမေ့ကိုအချုပ်ကျအောင်အထိ လုပ်ခဲ့တဲ့ ရှင့်မာမီက ရွှေညို့ကို ဒီတိုင်းထားမယ်ထင်လား။လက်ခံပေးမယ်ထင်လား "

" ကိုယ် ကတိပေးပါတယ်။သည်းငယ်တို့ သားမိကို
ကိုယ့်မာမီနောက်ထပ် ဘယ်တော့မှ ထိခိုက်အောင် မလုပ်စေရဘူးလို့ "

" ပါးစပ်ကပြောတာပဲ... တကယ့် တကယ်ကျ
ရွှေညိုတို့ကပဲခံရတာ "

" ကိုယ် သည်းငယ်ကို နောက်ထပ် အထိခိုက်မခံတော့ပါဘူး။ကတိလည်း အထပ်ထပ်ပေးပါတယ်။ကိုယ့်ကို ယုံပါကွာနော်... သည်းငယ် "

" မယုံဘူး။ မသိဘူး။ ထွက်သွား... သွား "

" သည်းငယ် "

" ထွက်သွားလို့ ပြောနေတယ်လေ "

စကားပြောနေရင်း အနားရှိပစ္စည်းတွေနဲ့ပါ တိုက်,ကို
ပစ်ပေါင်ပြီး၊ ဒေါသအကြီးအကျယ် ထွက်လာတဲ့ သူမ။

ခြွေညို့နိုင်လွန်းသူ(or)ဖိုက်တာလိုချွေးမ CompletedWhere stories live. Discover now