အပိုင်း (၁)
ဂျူလိုင်လအစောပိုင်း သက္ကရာဇ်၂။ ၂၀၂၀ ခုနှစ်။
မှောင်မိုက်နေသည့် အခန်းတွင် စားပွဲတွင် ဝါဖျော့ဖျော့ အလင်းရောင်သာ ကျန်ရစ်သည်။ ညလေက ပြတင်းပေါက် ခန်းဆီးလိုက်ကာကို ဖြေးညှင်းစွာ တိုးဝင်လာကာ သေစေနိုင်လောက်သည့် တည်ရှိမှုက ယင်းမှိန်ပြပြ အခန်းငယ်သည် နေထိုင်ကောင်းသည့်ပုံ မပေါ်ချေ။
ဂျိန်း။
တင်းတင်းကျပ်ကျပ် ပိတ်ထားသည့် တံခါးကို လူတစ်ယောက်က တွန်းဖွင့်လိုက်သည်။
အလင်းယိုင်ခြင်းနှင့်အတူ တောက်ပြောင်သည့် စစ်ဘက်ဆိုင်ရာ ဖိနပ်သည် ဆယ်စုနှစ်များစွာ ကျန်ရစ်နေသည့် ကြမ်းပြင်ပေါ်တွင် ဖြတ်လျှောက်လာခဲ့သည်။
ထိုလမ်းလျှောက်လာသည့်လူသည် ကြေးမုံရှေ့တွင် ရပ်လိုက်ကာ အလင်းရောင်တချို့ ထင်နေသည်။ သူသည် ချွေးစိုရွှဲနေသည့် ကုတ်အင်္ကျီကို ချွတ်လိုက်၏။
တစ်ထပ်ပြီးတစ်ထပ် ချွတ်လိုက်သည်။ နောက်ဆုံးတွင် ရင်ဝန်းကျင်၌ စီးထားသည့် ထူးဆန်းသည့် အဖြူရောင်ပိတ်စသာ ကျန်ခဲ့သည်။
ရှောင်းကျင်း။ ရှောင်းမိသားစု၏ ဒုတိယမြောက်သား။ ရှောင်းမိသားစုသည် အင်ပါယာတွင် အဓိက မိသားစုကြီးသုံးစုမှ တစ်ခုဖြစ်သည်။ သူ၏မိခင်သည် ထိပ်တန်းအရာရှိကြီး ရှောင်၏ တတိယဇနီးဖြစ်၏။
မျိုးဆက် မျိုးဆက်တိုင်းတွင် ရှောင်းမိသားစုသည် စစ်ဗိုလ်အရာရှိ ၅ယောက်နှင့် စစ်ဗိုလ်များကို မွေးထုတ်ပေးခဲ့သည်။ သူတို့မိသားစု၏ အကြီးမားဆုံးတာဝန်သည် အင်ပါယာစစ်တပ်၏ လေးပုံတစ်ပုံကို စီမံကွပ်ကဲရခြင်းပင် ဖြစ်သည်။ ထိုကဲ့သို့သော် ကြီးမြတ်သည့် နောက်ခံနှင့်အတူ နောက်ကွယ်တွင် ကောလာဟလများလည်း ရှိနေသည်။ ထိုကောလာဟလများတွင် ရှောင်းမိသားစုတွင် မိန်းကလေးတစ်ယောက် ရှိခြင်းပင်ဖြစ်သည်။
အမှန်တကယ်တွင် ရှောင်းမိသားစု၌ စစ်ဗိုလ်သာ ရှိသည်။ စစ်ဗိုလ်များသာ ဖြစ်၏။
ရှောင်းကျင်းက ခါးသက်စွာ ပြောလိုက်ပြီးနောက် သူ့ရင်ဘတ်တွင် ပတ်ထားသည့် အဖြူရောင် အဝတ်စကို ဖယ်ရှားလိုက်သည်။ တစ်နေ့လုံး တင်းကျပ်စွာ ချည်နှောင်ထားရသဖြင့် အစင်းရာများသည်လည်း ဖြည်းဖြည်းချင်း ပြေလျော့လာသည်။

أنت تقرأ
ကျွင်းရယ်က သူ့ဇနီးလေးကို မစနောက်ဘဲ မနေနိုင်ဘူး
عاطفيةဘာသာပြန်သူ - စွဲညို့အသင်း (ဆယ်လပိုင်းအတွက် အသစ်)