ဆောင်းရာသီဝင်ခါစမို့ မောင့်ဇာတိမြို့လေးက နှင်းတွေတောင်ကျနေပီ
ဆိုင်ကယ်ကို အသာရပ်ရင်း နှစ်တိုင်းမောင်လာနေ ကြ နေရာလေးဆီ
အတွေးတွေနဲ့ လျောက်လာနေမိတယ်
5 နှစ်ရှိပီ ဟုတ်တယ် 5နှစ်တောင်
မောင်တစ်နှစ်မှမပျက်ကွက်ခဲ့ပါဘူးကွယ်
ရှင်းလင်းပေးမဲ့သူမရှိတဲ့ အုပ်ဂူဖြူဖြူလေးဘေးမှာ မောင်အသာထိုင်ချပီး
အတွေးတွေက လွန်ခဲ့တဲ့ 2019လောက်ဆီ
ဟိတ် မောင်ရေ မောင်
မောင့်နံမည်အပြည့်အစုံက နန်းမေနွယ်မောင် သူငယ်ချင်းတွေက မောင်လို့ အဖျားဆွတ်ခေါ်ကြ မသိရင် ကောင်လေးလိုလိုနဲ့
အသံစာစာကြောင့် မောင်သိလိုက်ပီ ဒါ မိပြည့်အသံဟု
ပြည့်ပြည့်က မောင့်ရဲ့ တစ်ယောက်ထဲသော သူငယ်ချင်း နံမည်အပြည့်အစုံက လင်းပြည့်သံဇဉ်တဲ့ ပုံနှိပ်တိုက် ပိုင်ရှင်သမီး
ပြည့်ရေ ဝင်ခဲ့နော်
မောင် မီးဖိုချောင်ထဲမှာ
မောင်ဘာတွေအလုပ်ရှုပ်နေလဲ
ဒို့ မနက်ဖန် ဆွမ်းချိုင့်အတွက် ခုထဲက ပြင်ဆင်နေတာ ပြည့်ရဲ့ ဘာလဲ ပြည့်လိုက်မလား
အမလေး
တော်တော် ဘုရားနဲ့ငါမတည့်ဘူး
မာန်နတ်မ ဆိုပီး မောင့်စိတ်ထဲ ပြောလိုက်မိသေး
ပြည့်ကရယ်ကျဲကျဲ နဲ့ ငါလာတာ နင့်ကိုပြောစရာရှိလို့ သူငယ်ချင်းရဲ့
ကဲပြောပါအုံး ဟိုဘက်ရပ်ကွက်ကလေ ငါ့ဉီးလေးက သူ့အလှူဖိတ်တာ အဲ့တာ အန်တီဆီ ချုပ်ထားတဲ့ အကင်္ျီ လာယူရင်း နင့်ကို လိုက်ခဲ့စေချင်လို့
ဟာ
ပြည့်ကလဲ ငါမှမသိတာ နင့်အမျိုးတွေ
ပြည့်ပြောတဲ့ အန်တီဆိုတာ မောင့်မေမေပါ မောင့်မှာ အဖေမရှိဘူး ငယ်ငယ်ထဲက ကိုကိုနဲ့ မေမေဘဲ မောင်သိသည် မေမေရော ကိုကိုကပါ အဖေဆိုတာ ဖြူသလားမဲသလား တစ်ခွန်းမှမဟတာမို့ မောင်ဘာမှမသိခဲ့ရ သိစရာလဲ မလို ကိုကိုနဲ့ မေမေရှိရင် မောင့်ဘဝပြည့်စုံ
YOU ARE READING
အတ္တမိုးတိမ်
Fanfictionဘဝမှာ ရွံဖို့အကောင်းဆုံး မိန်းမက မင်းဘဲ ပိုင်ဖြိုးသုတ ကိုကို့ကို မောင်ဘာမှ ရှင်းပြနေမှာမဟုတ်ဘူး နန်းမေနွယ်မောင်