အလှူသွားရမှာမို့ မောင်အစောကြီး ရေချိုးပီး သနပ်ခါးကို ပါးပါးညက်ညက်လေး လိမ်းလိုက်သည် မေမေချုပ်ပေးထားတဲ့ အပွင့်သေးသေးလေးတွေပါတဲ့ အပြာရောင်အကျီလေးကို မောင်ဝတ်သည်
မောင်က ဆံပင်သိပ်မရှည် ပုခုံးလောက်ဘဲရှိတာမို့ ကလစ်လေးပန်ရင်ရပီ
အကုန်အသင့်ပြင်ပီး လင်းပြည့်ကိုစောင့်ရုံပင်
တီ တီ
ဟော ဒါကျေးဇူးရှင်ရဲ့ ဆိုင်ကယ်သံ
မောင်ဆိုင်ကယ်သံကြားတော့ အိမ်အပြင်ထွက်လာလိုက်သည်
ကဲသွားကြစို့
ဆိုင်ကယ်နောက်ကလိုက်ရင်း
ဖြေးဖြေးမောင်းနော် ငါမသေချင်သေးဘူး
ပြည့်ကရယ်ကျဲကျဲနဲ့
အေးပါယောင်းမရယ် ငါ့ကိုယုံ
ပြည့်က ကိုကိုကို စနေကျ အလှူရောက်တော့ ရေစက်ချ တရားနာ ဘုန်းကြီးဆွမ်းကပ်ပီးမှ မောင်တို့စားဖို့ ပြည့်ဒေါ်ဒေါ်က လာခေါ်သည်
လာလာ ခလေးတွေ ဒီဘက်မှာလာစား
ပြည့်အန်တီက ဖော်ရွှေသားဘဲ ဟု မောင့်စိတ်ထဲ တွေးမိလိုက်သေးတယ်
သမီး ပြည့်ပြည့် သမီးမေမေရော မပါဘူးလား
ဟုတ် တီလေး မေမေက ခုရက်ပိုင်း ပွဲတွေများတော့ ဖိတ်စာရိုက်ရတာလက်မလည်ဘူးဖစ်နေတာ ဖေဖေက ဘဏ်ကအပြန် ဒီလိုက်လာမှာ
ဟုတ်ပီသမီး သမီးအကို ဇေယျတို့ ဝိုင်းကိုသွားလိုက်နော် ခလေးတွေ လွတ်လွတ်လပ်လပ်နေကြ
စကားဆုံးတော့ ပြည့်က
လာမောင် ဟိုဘက်သွားမယ်
ဆိုပီး မောင့်လက်ကို ဆွဲသွားတော့မောင်လဲ ပါသွားရတာပေါ့
ကိုဇေယျကိုမောင်သိပါတယ် ပြည့်အကို မောင်တို့ထက် တစ်တန်းကြီးတယ်လေ ခုတော့ ဆေးကျောင်းတတ်နေတာ
လာ မိ ပြည့်
မောင်တို့ကို မြင်တော့ ကိုဇေယျ က လှမ်းခေါ်သည်
မောင်လဲ လာထိုင်စားနော်
ဟုတ်ကိုဇေယျ
ထိုအချိန် ကိုဇေယျ ဖုန်းဝင်လာသည်
ဟယ်လို
.........
အေးငါလာခေါ်မယ်မင်းကနောက်ကျတာကွာ
..........
ဖုန်းချတော့
မိပြည့်ရေ အကို့သူငယ်ချင်းကို ထွက်ခေါ်လိုက်အူံးမယ်
ဘယ်သူကြီးလဲ
နင်မသိဘူး သူက ရန်ကုန်ကနေလိုက်လာတာ ငါ့ဘော်ဒါ မနက်က သူ့အိမ်ကို ကားဂိတ်ကနေ ပစ္စည်းတွေ သွားပို့နေလို့ ခုမှရောက်လာတာ ငါမိတ်ဆက်ပေးမယ်
ကိုဇေယျ ထွက်သွားပီး ခဏကြာတော့ ကောင်လေးတစ်ယောက်ပြန်ပါလာသည်
အဲ့ဒီကောင်လေးက မောင့်ဘဝကို မွှေနှောက်မဲ့သူမှန်းသိရင် မောင်အဲ့နေ့က လိုက်မလာခဲ့ပါဘူးကွယ်
သူ့ကိုပထမဆုံး စတွေ့ထဲက မောင်စိတ်ထဲ စွဲ သွားခဲ့တာ အဖြူရောင် အကျီစတစ် ကော်လံလေးရယ် ပုဆိုးအပြာကွပ်စိတ်လေးနဲ့ သူပုံစံက မောင်သဘောကျတဲ့ ပုံစံလေး
ကဲ အကိုမိတ်ဆက်ပေးမယ်နော်
ပြည့်ပြည့် ဒါ အကို့ဘော်ဒါ ပိုင်ဖြိုးသုတ
သုတ ဒါငါ့ညမဝမ်းကွဲ လင်းပြည့်
ဒါကသူ့သူငယ်ချင်း မောင်တဲ့ ငါ့ညမလိုဘဲ
ကိုဇေယျ မိတ်ဆက်ပေးတော့ သူ့မျက်ဝန်းတွေက ထူးထူးဆန်းဆန်းနဲ့
မောင် ဟုတ်လား
နံမည်ကတစ်လုံးထဲက
မောင့်နံမည်က နန်းမေနွယ်မောင်တဲ့ ကိုသုတ
ပြည့်တို့က ချစ်စနိုးနဲ့ မောင်လို့ခေါ်တာ
ပြည့်က ရှင်းပြတော့မှသူက
အော် အကိုက ကောင်မလေးက မောင်ဆိုတော့ အထူးအဆန်းဖစ်နေတာ ဟဲဟဲ
ဒါနဲ့ အကိုက ကိုဇေယျ ဘော်ဒါဆိုတော့ ဆေးကျောင်းဘဲလား
ပြည့်ပြည့်ကစပ်စုတော့ သူပြန်ဖြေသည်
မဟုတ်ဘူးကွ
အကိုက ကျောင်းဆက်မတတ်တော့ဘူး ဖေဖေအလုပ်ကူနေတာ ကိုတို့ကသူငယ်ချင်းဆိုပေမဲ့ ကိုယ်က ဇေယျထက် ၄ နှစ်ကြီးတယ်
ဟယ်ဒါဆိုပြည့်တို့နဲ့ ၅ နှစ်တောင်ကွာတာပေါ့
ဟုတ်ပ
အကိုကနုတယ်မို့လား
သူစကားပြောလိုက်တိုင်း ပေါ်လာတဲ့ ပါးချိုင့်လေးကို မောင်စိတ်ထဲ မသိမသာသိမ်းလိုက်မိသည်
YOU ARE READING
အတ္တမိုးတိမ်
Fanfictionဘဝမှာ ရွံဖို့အကောင်းဆုံး မိန်းမက မင်းဘဲ ပိုင်ဖြိုးသုတ ကိုကို့ကို မောင်ဘာမှ ရှင်းပြနေမှာမဟုတ်ဘူး နန်းမေနွယ်မောင်