Part 12

5 1 0
                                    

စိတ်ဝင်စားစရာမရှိသော အင်တာဗျူးကို သုတ ပျင်းရိစွာ ထိုင်နေရသည် နိုင်ဇော်ဆိုတဲ့ ဘဲကတော့ တစ်ခုပီးတစ်ခု မေးနေပေမဲ့ သူဖုန်းသာ ကြည့်နေလိုက်သည်

မဝင့်ဝါနိုင်

မနန်းမေနွယ်မောင်

ဝင်လိူ့ရပါပီ

ရင်းနှီးနေသော နံမည်ကြောင့် အသာယာကြည့်မိတော့ သူမျှော်လင့်နေသော သူမလေးကိူတွေ့ရသည် သုတဟန်မဆောင်နိုင် ဘာမှမေးမနေတော့ဘဲ အလုပ်သာတန်းခန့်လိုက်တော့သည် ဘယ်သူ့မှလဲ ဂရုစိူက်စရာမလို ဒါသူ့စီးပွားရေး သူကသူဌေး ဘဲလေ

ကိူနိုင်ဇော် မျက်နှာပျက်နေတာ သတိထားမိလိုက်သည် နောက်ကနေ အသာလိုက်ကြည့်တော့မှ သူ့စော်ကို အလုပ်ထဲ ထိုးထဲ့ချင်နေမှန်းသိရသည်

သူမကို မကောင်းကြံနိုင်သည်မို့ အပြည့်အဝ ကာကွယ်ပေးရန်သာ ဆုံးဖြတ်ထားလိုက်တော့သည် ပိုပီး အံသြစရာ နောက်သီတင်းတစ်ခု ကိုတာယာရဲ့ ညမအရင်း ဖစ်နေသည်

ကိုတာယာက လူမှန် သူရာထူးနဲ့ သုတကို အလုပ်တောင်းပေးလို့ ရနေတာကို သူ့ညမကို အင်တာဗျူး ဝင်ဖြေခိုင်းသည်မို့ ဖေဖေလူရွေးတော်သည်ဟု အမှတ်တွေပေးနေမိသည်

ဘာဘဲဖစ်ဖစ် ယောက်ဖနဲ့ အချစ်လေးကိူ ကာကွယ်ဖို့က သူ့တာဝန်

ကိုယ်ရေးအကျဉ်းကိူ အသာယူကြည့်မိတော့ နောက်သူံးလဆို သူမ 18 ပြည့်ပီ အသက်ပြည့်တာနဲ့ သူမကို ရည်းစားစကားပြောဖိူ့ပါ စဉ်းစားထားလိူက်သည်

ဒေါက် ဒေါက်

ဝင်ခဲ့ပါ

တံခါးကိူ ဖွင့်ပီး ဝင်လာသူက ကိုနိုင်ဇော်

သုတ ကျနော်မေးချင်တာလေးရှိလို့

မေးလေ ကိူနိုင်ဇော် ဆိူင်အတွက် ဘာလိူအပ်လဲ

မဟုတ်ဘူး သုတ အလုပ်လာလျောက်တဲ့သူတွေထဲ ဘွဲရ ပီးသားတွေပါနေတာကိူ ဆယ်တန်းအောင်ထားတဲ့ သူကို ဘာလို​့ရွေးလိုက်တာလဲ သူကျောင်းတတ်ရင်လဲ ခွင့်တွေဘာတွေ ပေးရအူံးမှာ ဘာလဲ တာယာက သူ့ညမကို အလုပ်ပေးဖိူ့ပြောထားလိူ့လား

နိုင်ဇော် သူ့ကို ခနဲ့သလိူနဲ့ ဒဲ့ကစ်နေပီမိူ့ အခုရှုပ်မှ နောင်ရှင်း တစ်ခါထဲ အပြတ်​ပြောရန်သာ ဆုံးဖြတ်လိုက်တော့သည်။

ကျနော် သူ့ကို သဘောကျလို့လေ အခုမှသိတာ မဟုတ်ဘူး နယ်မှာထဲက သိလာတာ လကုန်ရင်တောင်သူ့ဆီသွားတွေ့ဖို့ စီစဉ်ထားပီးသား ဒီအကြောင်းတွေ ကို ကိုတာယာလဲမသိဘူး ကျနော် လဲ သူ့ညမမှန်းလဲ ကျနော်မသိဘူး ကျနော်သိရင် အင်တာဗျူး တောင်လုပ်စရာမလိုဘူး ချစ်တဲ့သူကိူ အနားမှာ ခေါ်ထားချင်တာပေါ့ ဗျာ ခင်များလိုပေါ့

ဗျာ

နိုင်ဇော် အံ့သြ စွာဖြင့် အသံတစ်ခုသာ ထွက်လာသည်

တစ်လက်စထဲ သိလက်စနဲ့ ကျနော်ဆက်​ပြောအူံးမယ် ဒီအကြောင်းတွေ ကို ကိုတာယာ.မသိပါစေနဲ့ သိရင်ခင်များလဲ ဒီဆိုင်မှာ ဆက်နေရမယ်လို့မထင်နဲ့ ကျနော် က ဖေ့ဖေ့လို ဘာမှ ဘယ်သူ့မျက်နှာမှ ကြည့်နေမဲ့ကောင်မဟူတ်ဘူး

သုတ ပြောချင်ရာပြောပီး ဆိုင်ရှေ့သိူ့သာ ထ ထွက်လာခဲ့သည်

တစ်ခါတစ်လေတော့ ငါဆိုင်ငါသဘော အာဏာပြပီး ချစ်ရတဲ့ သူကို ကာကွယ်ရတာ ကောင်းသားဘဲ

ရုံးခနိးထဲမှာတော့ အာစေးမိနေသူတစ်ဉီးရှိသည် နိုင်ဇော် အချစ်တစ်ခုနဲ့အတူ အမုန်းတရားတစ်ခုကလဲ အရှိန်ဖြင့် စတင်ပေါက်ဖွားလာခဲ့ ပီဖစ်သည်။

နန်းမေနွယ်မောင်ကို အသက်ပြည့်မှ ရည်းစားပေးထားကျနော် မဟုတ်ရင် ရွစိလို့အပြောခံရမှာ ဆိုးလို့ပါရှင်

ချစ်တဲ့ဆောင်းဝေ

အတ္တမိုးတိမ်Where stories live. Discover now