ပိုင်ဖြိုးသုတ
ပိုင် ဆောက်လုပ်ရေး ဆိုင်ခွဲ များစွာရဲ့ ပဲ့ကိုင်ရှင်
ဉီပိုင်သီဟ+ဒေါ်ေကသီတို့ ရဲ့ တစ်ဉီးတည်းသောသား
အရပ် 6 ပေ အသားဖြူဖြူနှင့် ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်
ဆယ်တန်းကို ဂုဏ်ထူး 4ဘာသာနဲ့ ထူးထူးချွန်ချွန် အောင်ပေမဲ့ သူကျောင်းဆက်မတတ်ဘဲ ဖေဖေ့ရဲ့ စီးပွားရေး လုပ်ငန်းတွေထဲ သူဝင်ခဲ့သည် တတ်သင့်တဲ့ သင်တန်းတွေတတ်သည် အချိန်တန် မိသားစု စီးပွားရေး လုပ်ငန်းရေးကို ဆက်ခံရမဲ့သူမို့ အခု ထဲက သူအစပျိုးထားလိုက်သည်
သူ့ရည်ရွယ်ချက်က ဖေ့ဖေ့လို့ အောင်မြင်တဲ့ စီးပွားရေလုပ်ငန်းရှင် ဖစ်ချင်တာမို့ သူကျောင်းစာနဲ့ စောစောလမ်းခွဲ ခဲ့သည် အခုလဲ အလုပ်ကိစ္စမှာ ဖေဖေနဲ့ နဲနဲ စကားများပီး ဇေယျနယ်ပြန်မည်ဆိုလို့ လိုက်လာခြင်းဖစ်သည် မထင်မှတ်တဲ့ နေရာတစ်ခုမှာ သူအချစ်ကို တွေ့ရှိခဲ့လေပီ
အတွေးတွေနဲ့ သူဆိုင်ကယ်ကို မောင်းလာပီး လမ်းအချိုးမှာ သတိမထားမိလိုက်ဘဲ တခြားဆိုင်ကယ်နှင့် တိုက်မလိုဖစ်တော့သည်
သူကဆိုင်ကယ်မောင်းတာ ကျွမ်းကျင်သဖြင့် ရှောင်နိုင်လိုက်သော်လဲ တဖက်ဆိုင်ကယ်ကတော့ အရှိန်မထိန်းနိုင်ဘဲ လဲပီဖစ်သည်
သူ စိုးရိန်စွာနှင့် ဆိုင်ကယ်ကို ပြေးထူသည်
ညမ ညမ
ရရဲ့လား ဘယ်နားထိသွားသေးလဲ
မေးပီးကောင်မလေးရဲ့ မျက်နှာကိုအကြည့်
ဟမ်
မောင်
ဟာသွားပါပီ အချစ်ခလေးကိုမှ သုတစိတ်ထဲ စိတ်ပူမိသွားသည် ထိုမိန်းခလေးကို သူမှတ်မိတာပေါ့ တစ်ခါကြည့်ရုံနဲ့ သူ့စိတ်နှလုံးသားကို ဖမ်းယူခဲ့သူလေး မဟုတ်လား
မောင် ခြေထောက်နဲနဲနာသွားတယ်
ဟုတ်လားညမလေး
အကိုတောင်းပန်ပါတယ် နဲနဲ သတိလွတ်သွားလို့
ဆိုင်ကယ်ကဘာဖစ်သွားလဲ အကို ဝပ်ရှော့ပို့ပေးမယ်လေ
YOU ARE READING
အတ္တမိုးတိမ်
Fanfictionဘဝမှာ ရွံဖို့အကောင်းဆုံး မိန်းမက မင်းဘဲ ပိုင်ဖြိုးသုတ ကိုကို့ကို မောင်ဘာမှ ရှင်းပြနေမှာမဟုတ်ဘူး နန်းမေနွယ်မောင်