အလှူက ပြန်ရောက်ခြင်း သုတ သေချာထိုင်ပီး စိတ်ထဲတွေးနေမိသည်
မောင်တဲ့
ထူးဆန်းတဲ့ နံမည်နဲ့ မိန်းခလေး လူပုံလေးကလဲ တစ်ခါကြည့်ရုံနဲ့ စွဲစေသည်
ရင်ဘတ်ကို စမ်းကြည့်တော့လဲ ရင်ခုန်သံတွေက ပုံမှန်မဟုတ်မှန်း သုတသိနေသည်
အချစ်
အချစ်ဆိုတာဒါလား
သုတ ဒီတစ်ခါလိုက်လာတာ ဖေဖေနဲ့ စကားများပီး အိမ်ကနေ ခဏထွက်လာတာ မေမေကတော့ ဖုန်းတစ်ဂွမ်ဂွမ်
ငါကပြန်ရမဲ့ ဧည့်သည်ဘဲ သူကရော ငါ့ကိုဘယ်လိုမြင်လဲ ကျောင်းမတတ်လို့ အထင်သေးနေလောက်လား သုတစိတ်ထဲ အတွေးပေါင်း များစွာ
ဒေါက်ဒေါက်
လာဝင်ခဲ့ သားကြီး
ဇေယျအခန်းထဲ ဝင်လာတာဘဲ ဖစ်သည်
သာကြီးမင်းပိတ်ရက်ကုန်ပီလား
တစ်ပတ်ကျန်သေးတယ် ကျန်သေးလဲ ငါစာကျက်ရမှာဘဲ ပြန်ဖွင့်ရင်စာမေးပွဲ ဖြေရမှာ
အေးပါဒေါက်တာရာ
သူစတာကို ဇေယျက ဒါနဲ့ မင်းဒီမှာ အိမ်ဝယ်မလို့ဆို
ဟမ်
ဘာလို့ငါက ဝယ်ရမှာတုန်း
အော်မသိပါဘူး မင်းများ ဒီမြိူ့သူတစ်ယောက်ကြောင့် မောင်ကြီးမပြန်နိုင်ဖစ်နေပီလားလို့
ဟာမင်းကလဲ ငါကမောင့်ကို ရိုးရိုးသားသားပါ
ဟားဟား
ဇေယျကရီပီး
ငါသယ်သူမှန်းမပြောရသေးဘူးလေကွာ
ဟာ
ပေါ်ပီဟေ့ကောင် မင်းအလှူမှာ မောင့်ကို ကြည့်တာ ဟန်တောင်မဆောင်နိုင်ဘူးနော် ငယ်သေးတယ်ကွ ခလေးက
ဟာဒီကောင်
နံမည်လေးကထူးဆန်းလို့ ကြည့်မိတာပါ ကွာ
ငါမျက်နှာ မပျက်ချင်ဘူးနော်သုတ
မောင့်မေမေနဲ့ ငါ့မေမေကအရမ်းရင်းနှီးတာ
ဒါဆိုနားဖောက်ခိုင်းရမယ်
ဟေ့ကောင်ခလေးကို
စတာပါကွာစတာ မင်းကလဲ ငါအကြီးနော်သတိရအူံး
ငါကမင်းကျေးဇူးရှင်လေ ကွာ ဝါကြီးတယ်
ဇေယျပြောတာမှန်ပါသည် သုတကခပ်ဆိုးဆိုး လက်ကလဲ မြန်သည် အဲ့တော့ ဘောင်ချာရှင်းချင်တဲ့သူက ခပ်များများ တစ်နေ့တော့ လမ်းထိပ်ခဏအသွား လူတစ်စုကချောင်းရိုက်ပီး လမ်းဘေးမှာပစ်ထားခဲ့တာ ဇေယျက အရေးပေါ်ကုပေးပီး ဆေးရံုပို့ပေးခဲ့လို့ မသေတာဖစ်သည် အဲ့အချိန်ထဲက သူတို့နှစ်ယောက်တွဲဖစ်သည်
ငါတော့ သေချာစဉ်းစားရတော့မယ် သားကြီးရေ
ဘာကိုလဲ
ဇေယျက နားမလည်ဟန်ဖြင့်မေးတော့
ငါ့နှလုံးသားကိုလေ မင်းတို့မြို့သူက ၁၂ ကြိုးတတ်တယ်ထင်ပါရဲ့
ဟားဟားဟား
သူရီတော့ ဇေယျက မအူမလည်နဲ့ လိုက်ရီသည်
သုတစိတ်ထဲ တွေးမိတာက
ဒီကောင်အူကြောင်ကြောင်နဲ့ ဆေးကျောင်းဘယ်လိုရောက်လာတာလဲ
YOU ARE READING
အတ္တမိုးတိမ်
Fanfictionဘဝမှာ ရွံဖို့အကောင်းဆုံး မိန်းမက မင်းဘဲ ပိုင်ဖြိုးသုတ ကိုကို့ကို မောင်ဘာမှ ရှင်းပြနေမှာမဟုတ်ဘူး နန်းမေနွယ်မောင်