အခန်း(၁၄)

7.8K 70 0
                                    

လျန်လျန်ရှက်သွားပြီး သူ့ရဲ့ပေါင်ပေါ်ထိုင်နေရင်းကနေ မြန်မြန်ပြေးထွက်သွားခဲ့သည်။

ဟန်နင်သည် သူ့ရဲ့ ဘောင်းဘီထက်က စိုနေတဲ့အကွက်နဲ့ မိန်းမအဖုတ်နံ့ညှီစိုစိုကိုရတော့ ရယ်နေတာမရပ်နိုင်တော့ပေ။

လျန်လျန်သည် ခေါက်ဆွဲပြုပ်ကိုငုံ့ပြီးစားနေရင်းကနေ ဟန်နင်နဲ့ မျက်နှာအမူယာကိုလေ့လာနေသည်။ သူမရဲ့ ပုံစံ ကြောင့် အရမ်းရှက်နေသည်။

"မရယ်နဲ့တော့ ဆက်ပြီးရယ်နေရင် ငါနင့်အိမ်ကို ထပ်မလာတော့ဘူး!"

ဟန်နင်သည် သူ့ရဲ့ ပါးစပ်ကို လက်နဲ့ကာလိုက်ပြီး တစ်ခစ်ခစ်ဆက်ပြီးရယ်ပြီးနောက်ဆုံးတွင် ရယ်တာရပ်သွားခဲ့သည်။

သူမရဲ့လက်ကလေးကို ငြင်သာစွာကိုကိုင်လိုက်ပြီး

"လျန်လျန်...ငါ့ရှေ့မှာဆို မင်းဟန်ဆောင်နေဖို့မလိုပါဘူး..မင်းနေချင်သလိုနေလို့ရတယ်"

ဟန်နင်ရဲ့ စကားကြောင့် သူမရင်ထဲတွင် ပြောမပြတတ်အောင်နွေးထွေးသွားပြီး မျက်လုံးအရောင်တောက်လာသည်။

သူမရဲ့ ကျေနပ်သွားတဲ့ ပုံစံမျိုးကို အရင်ဘဝတုန်းက မမြင်ဖူးပေ။

"ဟန်နင်...ငါဘာလို့ လူတွေနဲ့ နီးနီးကပ်ကပ်နေရမှာကြောက်လဲသိလား???"
.
.

လျန်လျန်ငယ်ငယ်တုန်းက ပျော်ရွှင်ဖွယ် မိသားစုရှိခဲ့ဖူးသည်။ အဲ့တုန်းက သူမရဲ့ အဖေသည် အမေကိုအရမ်းချစ်သည်။

သူမရဲ့ မိခင်သည် ဟိုင်ချန်တွင် ချမ်းသာတဲ့ မိသားစုနောက်ခံရှိပြီး သူမကောလိပ်တက်တော့ သူမတို့မြို့ဘေးက မြို့ငယ်လေး တစ်ငယ်မှာနေထိုင်ပြီး ဆင်းရဲတဲ့ လျန်ကျန်းမူနဲ့ ချစ်သူဖြစ်သွားခဲ့သည်။

အစတုန်းကတော့ လျန်လျန်ရဲ့ အဖိုးသည် သူတို့နှစ်ဦးကိုသဘောမတူခဲ့ပေ။

သူတို့အဆင့်တန်းကွာခြားတာကြောင့် လက်ထပ်ရင် အချေတင်ဖြစ်နိုင်ပြီး သူတို့ခံစားရမည်ဖြစ်ကြောင်းပြောခဲ့သည်။

ဒါပေမဲ့ လျန်လျန်ရဲ့ မိခင်သည် လျန်ကျန်းမူကို လက်ထပ်ဖို့ စိတ်ပိုင်းဖြတ်ထားပြီး လျန်လျန်ကို ကိုယ်ဝန်ဆောင်ထားမှ သူမအဖိုးကို အသိပေးခဲ့သည်။

အချစ်များအားလုံးမင်းအတွက်သာ♥️( Completed)Where stories live. Discover now