ထိုစကားများကိုကြားလိုက်ရသည့်အခါ လော့ချယ်၏အမူအရာက ပြောင်းလဲသွားသည်။"မျန်းမျန်!"
ကုမျန် သူမလက်ကို ပြန်ဆွဲထုတ်နေချင်သော်လည်း လော့ချယ်၏အားက အရမ်းကြီးသည်။
သူမ လေသံကိုတိုးမြှင့်လိုက်ပြီး ထိုစကားများကို ထပ်ခါထပ်ခါပြောလိုက်မိတော့သည်။"လော့ချယ် ကျွန်မပြောနေတယ်လေ လမ်းခွဲရအောင်လို့"
လော့ချယ်က သူမကိုသာ မြဲမြဲမြံမြံစိုက်ကြည့်နေပြီး သူ့လေသံက တိုးလျလျ။ "မျန်းမျန် မင်းမူးနေပြီ"
ကုမျန် သူမခေါင်းကိုခါယမ်းလိုက်ပြီး ပြင်းပြင်းထန်ထန်ငြင်းပယ်လိုက်၏။"မမူးဘူး၊ ကျွန်မ အခု အရမ်းကိုနိုးကြားနေတာ ကျွန်မဘာလုပ်နေတယ်ဆိုတာ အတိအကျသိတယ်"
လော့ချယ် သူမ၏လက်ကို ဇွတ်အတင်းဆုပ်ကိုင်လိုက်ပြီး သူ့ခံစားချက်များကို ထိန်းချုပ်ရန် အတတ်နိုင်ဆုံးကြိုးစားကာ နှုတ်ဖျားမှ စကားလုံးအနည်းငယ်ကို ခက်ခက်ခဲခဲ ပြောထုတ်လိုက်သည်။ "ဒါဆို ဘာလို့လဲ၊ မင်း ဘာလို့ ကိုယ်နဲ့ လမ်းခွဲချင်တာလဲ"
ဤအချိန်တွင် အရက်သောက်ထားခြင်းက အသုံးဝင်သည်ဟု ကုမျန်ခံစားရသည်။
အရက်သောက်ပြီးနောက် ဒေါသထွက်နေသည့်လော့ချယ်နှင့် ရင်ဆိုင်နေရလျှင်ပင် သူမ မကြောက်သေးပေ။ သူမ စိတ်အလိုလိုက်ပြီး သူမပြောချင်တာကို ပြောလိုက်တော့သည်။ "ဘာလို့လဲဆိုတော့ ရှင်က ပျားတွေနဲ့လိပ်ပြာတွေကို ဆွဲဆောင်နေလို့ပဲ"
သူ စိတ်ဆိုးရမည်လား ကူကယ်ရာမဲ့ဖြစ်သွားရမည်လား လော့ချယ်မသိတော့ချေ။
သူ ကုမျန်ထံချဉ်းကပ်ပြီး သူမကို သူ့ရင်ခွင်ထဲ ပွေ့ဖက်ထားလိုက်သည်။
သူ သူမကို ကြည့်လိုက်၏။ "ရွှယ်ကွေ့၀မ်ကြောင့်မလား? အခု မင်း သ၀န်တိုနေတာလား"
ရွှယ်ကွေ့၀မ် လော့ချယ်၏ဘောင်းဘီကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားသည်ကိုမြင်ရသည်က အလွန်စိတ်ကသိကအောက် ဖြစ်စရာကောင်းလှသည်မှန်း ကုမျန် ဝန်ခံမည်မဟုတ်ပေ။
YOU ARE READING
ဗုဒ္ဓဘာသာ၀င်မိန်းကလေးက စာအုပ်တစ်အုပ်ထဲကို ကူးပြောင်းသွားတယ်
RandomStatus in COO : 253 chapters (complete)