Chapter 173

1.6K 151 0
                                    

ကုမျန်သည် အိမ်ပြန်လာပြီးနောက် သူမကိုယ်သူမ ဆိုဖာကူရှင်ပေါ်  ပြင်းပြင်းထန်ထန် ပစ်သွင်းလိုက်သည်။

လမ်းခွဲစကားပြောပြီး၊ "Peach" တွင် သရုပ်ဆောင်ပြီး၊ "Peach" ၏ နောက်ဆုံးဇာတ်သိမ်းကို အဆုံးသတ်ပြီးပြီဆိုသည့်အတွက် ဇာတ်ကြောင်းက ပြီးလုနီးပါးဖြစ်သင့်သည်။

သို့သော် သူမသည် ပွဲဦးထွက်စွမ်းရည်ရှိုး "10 Girls Out of 100" ကို လျစ်လျူရှုမိလိမ့်မည်ဟု ဘယ်တုန်းကမှ မထင်ထားမိခဲ့ချေ။

သူမသည် ဤပွဲဦးထွက်ရှိုး၏ အသံသွင်းမှုနှစ်ခုတွင် ပါဝင်ခဲ့သည်။ "Peach" ဇာတ်ကားရိုက်ကူးရန် လိုအပ်သောကြောင့် သူမသည် နောက်ထပ်အသံသွင်းမှုနှစ်ခုတွင် မပါ၀င်ရတော့ပေ။ တကယ်တော့ ဤစွမ်းရည်ရှိုးသည် ရိုက်ကူးနေဆဲဖြစ်ပြီး မပြီးဆုံးသေးပါချေ။ ၎င်းသည် နှစ်လကြာပြီးမှသာ ပြီးဆုံးမည်ဖြစ်သည်။

ကုမျန် လော့ချယ်ကို "လမ်းမခွဲတော့ဘူး၊ လမ်းမခွဲတော့ဘူး၊ ဟုတ်ပြီလား" ဟု ပြောပြီးနောက်  မိုးကြိုးပစ်ခံလိုက်ရသည်က အံ့သြစရာမရှိတော့ပါချေ။

တစ်နည်းဆိုရသော် ဇာတ်လမ်းအရ ဤကိစ္စသည် မပြီးသေးဘူးမဟုတ်ပါလား။ သူမ လမ်းခွဲစကားကို ထပ်ပြောရဦးမည်ပင်။ "100 Girls Out of 10" ရိုက်ကူး‌မှုတွင် ပါဝင်ပြီးနောက်လည်း သူမသည် ဇာတ်ကြောင်းတစ်ခုလုံးကို အမှန်တကယ် ဖြတ်သန်းရဦးမည်လား။

ကုမျန် အနည်းငယ် စိတ်ပင်ပန်းသွားသည် ။

သို့သော်၊ ကုမျန်၏ စိတ်အခြေအနေထိန်းညှိနိုင်မှုမှာ ပထမအဆင့်ဖြစ်ပြီး မကြာခင်တွင် သူမသည် စွမ်းအင်ထပ်မံပြည့်ဝလာတော့သည်။

ဤသို့သောဘဝမျိုး မည်မျှကြာကြာ ဖြတ်သန်းရဦးမည်ဖြစ်စေ၊ ယနေ့ခေတ်တွင် အသက်ရှင်နေရခြင်းကသာ အရေးကြီးဆုံးပင်။

မည်သို့ပင်ဖြစ်စေ၊ လှေသည် ဆိပ်ကမ်းနားကို သွားသည့်အခါ ရေစီးကြောင်းတည့်တည့် သွားလိမ့်မည်ဖြစ်သည်။ (အရာအားလုံး အဆင်ပြေသွားလိမ့်မည်)

အလွန်အကျွံတွေးနေခြင်းက အသုံးမဝင်ပေ။

တစ်ဖက်တွင်တော့ လော့ချယ်သည် weiboပေါ်၌ ပို့စ်ရေးတင်လိုက်ပြီဖြစ်၏။

ဗုဒ္ဓဘာသာ၀င်မိန်းကလေးက စာအုပ်တစ်အုပ်ထဲကို ကူးပြောင်းသွားတယ် BOOK ¹Où les histoires vivent. Découvrez maintenant