အပိုင်း(၄)

131 23 8
                                    

wonwooရဲ့ကျောင်းပြန်ချိန်တိုင်းတွင် mingyuဆိုသည့် ကောင်လေးတစ်ယောက်က ကပ်၍ပါလာတော့သည်။ wonwooရဲ့စိတ်တွင်လည်းသံယောဇဉ်ဆိုတာကတိုးတိုးလာခဲ့သည်။ လူတွေနဲ့ ပေါင်းသင်းဆက်ဆံရာမှာမကျွမ်းကျင်တဲ့ သူက ထိုကောင်လေးနဲ့မှ တကူးတကခေါ်ပြောနေသတဲ့လေ။ မုန့်စားကျောင်းဆင်းသည့်အချိန်တိုင်းလည်း mingyuအတန်းရှေ့သွားကာ moguအအေးဘူးလေးကိုအမြဲတမ်းသွားပေးနေဖြစ်တော့သည်။အတူရှိတဲ့အခါတိုင်းတွင်လည်း သူ့ရဲ့အပြုံးလေးနဲ့သွားစွယ်လေးကိုခိုးခိုးကြည့်မိမြဲပင်။

"wonwoo hyung ကမင်းကိုစိတ်ဝင်စားနေတာထင်တယ်"

mingyuတို့အဖွဲ့ထဲကကောင်လေးတစ်ယောက်က wonwooဆီကိုလှမ်းကြည့်ရင်းပြောလိုက်သည်။
ကျောင်းbasketballပွဲရှိတာကြောင့်အားကစားခန်းမထဲတွင်တစုတဝေးထဲရှိနေကြသည်။ပွဲကြည့်စင်ရဲ့ ဘယ်ဘက်အောက်ထောင့်ကထိုင် ကာ ညာဘက်ခြမ်းမှာရှ်ိနေတဲ့ mingyu ဆီကို လှမ်းလှမ်းကြည့်နေတာကြောင့် Mingyu သူငယ်ချင်းဖြစ်သူကသတိထားမိလိုက်သည်။
သူငယ်ချင်းပြောတဲ့ဘက်ကိုလှမ်းကြည့်လိုက်တော့ wonwoo ကmingyuကိုလှမ်းပြီးတော့ပြုံးပြသည်။ mingyuပြန်ပြုံးပြလိုက်တော့ ဟိုဘက်ကိုလှည့်သွားသည်။

"ဝိုးးးး Kim mingyu တို့ကမိုက်တယ်ကွာ စော်တင်မဟုတ်ဘူးဘဲပါကြည်တာပါလား"

သူငယ်ချင်းတွေကဝိုင်းပြီးစကြတော့ mingyu ကရယ်မောကာ

"သူကဒီတိုင်းအကိုတစ်ယောက်လိုပါပဲကွာ"

"ရား mingyu မင်းသူ့ကိုလိုက် လိုက် မဟုတ်လည်း han naraမှမရှိတာ မင်းအပျော်တွဲလို့ရတယ် han naraပြန်လာရင်ဖြတ်လိုက်ပေါ့ကွာ သူ့ကြည့်ရတာ ပလေးလို့ကောင်းမယ့်ပုံလေး"

"ဟာ မင်းတို့ကလည်း အဲ့လိုကြီးမလုပ်ကြပါနဲ့"

"ဘာလဲ

minghao ကဝင်ပြောတော့ တစ်အုပ်စုလုံးရဲ့မျက်စောင်းကသူ့ဆီတွင်..

mingyu ကတော့ ခပ်ညစ်ညစ်အတွေးကိုတွေးလိုက်ပြီး
wonwooဆီကိုလှမ်းကြည့်လိုက်သည်။
သူ့သူငယ်ချင်းတွေပြောသလိုပဲလုပ်လိုက်ရမလား။အပျင်းပြေပေါ့ ဟူသည့်အတွေးတို့ကmingyuခေါင်းထဲတွင်အစီအတန်းလိုက်ရှိနေကြသည်။

unexpected love Where stories live. Discover now