"mingyu "
"ဟုတ်ပြောလေ hyung"
"ငါ ငါ မင်းကိုသဘောကျနေပြီထင်တယ်"
"ဟင် တစ်ကယ်လား"
"အင်း တစ် တစ်ကယ် မင်း မင်းငါ့ကိုစိတ်ဆိုးသွားလားဟင် "
"ဘာလို့စိတ်ဆိုးရမှာလဲဗျာ ကျွန်တော့်ကိုရော ပြန်သဘောကျခွင့်မပေးတော့ဘူးလား"
"ဟမ်"
"ကျွန်တော့်လည်း hyung ကိုပြန်သဘောကျပေးပါမယ်လို့"
"mingyu မင်းတစ်ကယ်ပြောတာ"
"နောက်နေတယ်ထင်လို့လား"
"တစ်ကယ်တော့ ထင်တယ်"
"ဟောဗျာ ကျွန်တော်လည်း hyung ပေါ်ကိုခံစားချက်ရှ်ိနေတာကြာပြီ အဲ့တာကိုhyungသတိထားမိမယ်ထင်နေတာ"
"ဟုတ်လား "
"ဟုတ်တယ်"
"ပျော်လိုက်တာ"
"ကျွန်တော်ရောပဲ"
နှစ်ယောက်သားတစ်ယောက်ကိုတစ်ယောက်ကြည့်ကာပြုံးရယ်လိုက်ရင်း တစ်ယောက်ရဲ့ရင်ထဲမှာတော့ ပန်းတွေပွင့်နေပြီး တစ်ယောက်ကတော့ခံစားချက်အတုအယောင်တွေနဲ့သာ....
"ရား Kim mingyu မင်း အဲ့လိုမလုပ်စမ်းပါနဲ့"
"ဘာဖြစ်လို့လဲ"
"wonwoo hyung ကတစ်ကယ်ရိုးရိုးသားသားလေးပါ မင်းတွဲနေကျ မိန်းကလေးတွေလိုမှတ်နေတာလား"
"မမှတ်ပါဘူး မမှတ်လို့ပဲတွဲတာလေ မိန်းကလေးတွေပဲတွဲရတာပျင်းဖို့ကောင်းတယ်မလား"
"မင်း..မင်းတစ်ကယ်မကောင်းတဲ့ကောင်ပဲ လူတစ်ယောက်ရဲ့အချစ်ကိုကစားစရာများမှတ်နေလား မင်းကတော့မသိပေမယ့် တစ်ကယ်ချစ်တဲ့သူက....တစ်ကယ်ခံစားရတယ်"
minghao ခပ်ဟဟပဲပြောထွက်တော့တယ်။
"............"
Wonwoo အတွက်တော့ဒီနေ့လေးကအပျော်ရွင်ဆုံးနေ့ရက်လေးအလား။ သူ့ရဲ့ဘဝမှာပထမဆုံးအချစ်ဆိုတဲ့အရာကိုထိတွေ့ဖူးပြီလေ။ပထမဆုံးအချစ်ကလည်းယောကျာ်းလေးတစ်ယောက်နှင့်တဲ့။သူ့ကိုယ်သူတောင်အံ့ဩနေမိပါသည်။ ထိုကဲ့သို့ သူ့ဘက်ကစတင်ဖွင့်ပြောရလိမ့်မည်ဟုလည်းမတွေးခဲ့ဖူးပါ။ စာကိုသာအမြဲတမ်းအာရုံစိုက်မိနေတဲ့သူက ထိုကောင်လေးကိုပါထည့်တွေးမိနေတော့သည်။
YOU ARE READING
unexpected love
Fanfictionမင်းနဲ့ဆုံခဲ့တာကို ငါနောင်တရမိတယ် mingyu.... ဟောဗျာ... ခုမှနောင်တရလည်းဘာမှမထူးတော့ဘူးလေ ကျွန်တော်အစကတည်းကခင်များအပေါ်ဘာခံစားချက်မှမရှိခဲ့ပဲ ဟက်...