Part - 1

3.5K 6 0
                                    

ပုံမှန် ညနေခင်းတွေလိုပဲ ရေမိုးချိုး အလှပြင်ပြီး တစ်နေရာရာသွားရန်ပြင်ဆင်‌ နေသော "လွန်း" ..

လွန်းက အသက် ၃၀ ပြည့်ပြီးခါစ ရင့်ကျက်တဲ့ အလှတွေနဲ့ အမျိုးသမီး တစ်ယောက်..

ရင်ထွားထွား တင်ကားကားနဲ့ အသားညိုစစ မေးရိုးထင်ထင် မျက်လုံး မျက်ခုံးကောင်းကောင်းနဲ့ လွန်း ပုံစံက နိုင်ငံခြားမင်းသမီးများနဲ့တောင် ခပ်ဆင်ဆင် ..

လွန်း အလှက ညို့ယူနိုင်စွမ်းပြင်းသည် ..

လွန်း ခန္ဓာကိုယ်ကို စားသုံးခြင်းသော ယောကျာ်းများမှာ တစ်ပုံတစ်ပင်။

သို့သော် လွန်းကတော့ သူ စားခံရသည်ဟု မတွေး။ အဘယ်ကြောင့်ဆိုသော သူကသာ သူ ဒိတ်ချင်သော ယောကျာ်းများကို ဒိတ်ပြီး သူကသာ စားသောကြောင့် ဖြစ်သည်။

လွန်းက ကတိကဝတ်တွေနဲ့ လေးနက်တဲ့ ဆက်ဆံရေးကို တည်ဆောက်ချင်သူမဟုတ်။ အိမ်ထောင်တစ်ခု တည်ဆောက်ပြီး ဘဝ တစ်ခုကို အတူတူ မည်သူနဲ့မျှ မဖြတ်သန်းချင်။ အပြောင်းအလဲ မြန်လွန်းသော သူ့စိတ်ကို သူသိသောကြောင့် မည်သူ့ကိုမျှ ဒုက္ခမပေးချင်ပါ။ လွန်းက အပေါင်းအသင်းမက်သည်။ ပျော်ချင်ပါးချင်သည်။ ထို့ကြောင့် ပိုက်ဆံ ကောင်းကောင်းရှာ၍ လှလှပပနေသည်။

အပတ်စဉ် သောကြာနေ့ညများတွင် လွန်း အမျိုးသား တစ်ယောက်ယောက်နှင့် ဒိတ်လေ့ရှိသည်။ အခုမှ စသိတဲ့သူ တစ်ဦးဦးလည်း ဖြစ်နိုင်သလို အရင်က ဒိတ်ခဲ့ဖူးပြီး အဆင်ပြေသော သူ တစ်ယောက်ယောက်လည်း ဖြစ်နိုင်သည်။

လွန်း ကြိုက်တဲ့ ယောကျာ်းပုံစံကလား ?

...............................

လွန်းက အသက်ငယ်သော ယောကျာ်းများကို ကြိုက်သည်။

အထူးသဖြင့် အတွေ့အကြုံမရှိသေးသော အတွေ့အကြုံနုသော လွန်းထက် ငယ်သော မောင်လေးများကိုသာ ရွေး ဒိတ်သော မမ ဖြစ်သည်။

ထိုသို့ အကြိုက်ရှိသော လွန်း အတွက် နောက်ဆက်တွဲ စိတ်ရှုပ်စရာများလည်း ရှိလာတတ်သည်။

အတွေ့အကြုံမရှိသော မောင်လေး အများစုက လွန်းရဲ့ အပြုအစုအယုအယများ အောက်မှာ မျောပါပါလာပြီး ဆက်ဆံရေး တစ်ခု တည်ဆောက်ချင်လာကြသည်။ လွန်းကို တမ်းတမ်းစွဲလာကြသည်။ သဝန်တိုလာကြသည်။ စာတွေ ဆက်တိုက်ပို့ကြသည်။ ထို အခြေအနေသည် လွန်း စိတ်အရှုပ်ရဆုံး အခြေအနေ ဖြစ်သောကြောင့် ထိုသို့ဖြစ်လာပါက အဲ့ဒီသူနှင့် ဆက်ဆံရေး တစ်ခန်းရပ်ပစ်လိုက်သည်က များသည်။ သူတို့ အခေါ်တော့ လွန်းက Ghost သည်ပေါ့လေ။ ဂရုတော့ မစိုက်အားပါလေ။ ကိုယ် ကြိုက်တာ ကိုယ်လုပ်သည်ပဲ။

မ ရဲ့ မောင် (18+)Where stories live. Discover now