Part - 2

1K 2 0
                                    

‌"ဟေ့ရောင် ငခန့် .. မင်း ဘာဖြစ်နေတာလဲ တစ်ချိန်လုံး ဖုန်းကို ကြည့်လိုက် ပိတ်လိုက်နဲ့ ဂဏာမငြိမ်ဘူး"

"ဆောရီးပါကွာ မင်းကလည်း"

"မင်းကလည်း ငယ်သူငယ်ချင်း ရန်ကုန်ရောက်တုန်းလေး တွေ့ရတာကို စကားအေးဆေးပြောစမ်းပါ"

"အေးပါကွာ ပြောပါမယ် မင်းကလည်း"

"ဘာလဲ ရည်းစားရနေပြီလား .. မင်းပြောတော့ ကျောင်း မပြီးမချင်း ရည်းစားမထားဘူးဆို ကျုံးဝါးထားတာ"

"ရည်းစား မဟုတ်ပါဘူး မင်းကလည်း"

"မသိပါဘူး မင်းရုပ်က လဒလို မှိုင်ပြီး ဖုန်းထဲက ဘာထွက်လာတော့မယ် အလား ပိတ်လိုက် ဖွင့်လိုက်လုပ်နေတာ .. ငါ တောင်မင်းကြည့်ပြီး မျက်စိနောက်လာပြီ"

"အေးကွာ .. မင်း ပြောလည်း ငါ ခံရတော့မှာပဲ .. ငါ့စိတ်တွေလည်း ဘာဖြစ်နေမှန်း မသိပါဘူးကွာ"

..................

မလွန်းနှင့် အိပ်ပြီးကတည်းက ခန့် တစ်ယောက် စိတ်တွေ ကယောက်ကယက်နှင့် ဂဏာမငြိမ်တော့ပေ။

တကယ်တော့ မအိပ်ခင်ကတည်းကပင် ဖြစ်သည်လို့ပင် ပြောလို့ရသည်။

ခန့်က ရည်းစားလည်း မထားချင် .. ကြေးစား စော်တွေလည်း မရှာချင်တော့ sex partner or friend with benefits နေမယ့် ကောင်မလေး တစ်ယောက်လောက် ရှာကြည့်မလားဟု စိတ်ကူးမိသည်။ လိုင်းပေါ် ရှာကြည့်တော့ app တစ်ခုတွေ့သည်။ ထို app က အကုန်လုံး နီးပါးက ခန့်လို ရည်ရွယ်ချက်နှင့် သုံးကြသူများဖြစ်လို့ ခန့် ရှာရလွယ်မည်ဟု ယူဆသည်။ ပြီး ခန့်ကို လာမညှိ လာမနွယ်လောက်ဘူးဟု ယူဆကာ အကောင့်ဖွင့်ထားလိုက်သည်။ ခန့်က သူ့ပုံ ခပ်ဝါးဝါး တစ်ပုံကို တင်ထားတာတောင်မှ တစ်ရက် တစ်ရက် စာပို့တဲ့ မမတွေ ညီမလေးတွေက မနည်း။

အဲ့လို တစ်ပုံ တစ်ပင် လာပို့ကြတော့လည်း ခန့် စိတ်မဝင်စားပြန်။ ဟုတ်သည်လေ။ စာပို့တာလည်း ဆွဲဆောင်မှု ရှိဦးမှပေါ့။

Hi ပြီးတာနဲ့ မင်းငါနဲ့ အိပ်မလား ဆိုသည့်သူများကိုလည်း ခန့်က စိတ်မဝင်စားပြန်။ ဘာဖြစ်ချင်နေမှန်း ကိုယ့်ဘာသာ မသိပေ။

မ ရဲ့ မောင် (18+)Where stories live. Discover now