Part - 5 (End)

2.1K 9 0
                                    

ဒီ တစ်ပတ်လုံး လွန်း စိတ်လွတ်နေသည့် လူတစ်ယောက်လို အလုပ်ကို ကောင်းကောင်း အာရုံ မစိုက်နိုင်။

လက်ထောက် ညီမလေးကတောင် " မမလွန်း နေမကောင်းဘူးလား မျက်နှာလည်း မကောင်းဘူး" ဟု ပြောယူရသည်အထိ။

လွန်း ခန့်ကို ချစ်မိနေပြီလားဟု တွေးကြည့်မိသည့် အချိန်မှာ shock ရသွားသည်။

လွန်း နောက်ထပ် ချစ်သူရည်းစား မထားတော့ဟု ဆုံးဖြတ်ပြီး နေလာတာ ၅ ‌နှစ်ကျော်နေပြီ။

အခုမှ ဒီ ၁၈ နှစ် ကောင်လေးနဲ့ ဘာလုပ်မလို့လဲဟု ကိုယ့်ဘာသာ ပြန်ဆူမိသည်။

တကယ်တော့ ခန့်နဲ့ ပထမဆုံး အကြိမ် အိပ်ပြီးကတည်းက လွန်း သိသည်။ ဒီကောင်လေး အပေါ် ခံစားချက်က တခြားသူတွေလို မဟုတ်။ ပိုပြီး လေးနက်သွားမှာ ကြောက်လို့ အဲ့တုန်းက လွန်းသူ့ကို အဆက်ဖြတ်ပစ်လိုက်သည်။

မတွေ့ရရင် အဆင်ပြေသွားလိမ့်မည် ထင်ပေမယ့် တကယ်တမ်းတော့ အဲ့ကောင်လေးကို လွန်း လွမ်းနေခဲ့ရသည်။

နောက်ဆုံး မနေနိုင်‌‌လို့ တစ်ခေါက်လောက် ထပ်တွေ့လိုက်မယ်လို့ တွေးထားရာကနေ ၃ လ ကျော် ၄ လ လောက်ထိ ရောက်တော့မည်။

Sex သီးသန့် date ဖို့ရာလည်း မဖြစ်နိုင်။ ခန့်နဲ့အတူ အိပ်ယာပေါ်က အမှတ်တရတင် မက ပြင်ပ အမှတ်တရများကိုလည်း ဖန်တီးချင်သေးသည်။

ဘယ်လိုကောင်လေးလဲကွာ .. လွန်းကို ပြုစားနေတာပဲ ... ရူးမယ်..

............

"မ .. မရေ"

သူ့အကြောင်းစဉ်းစားနေတုန်း သူ့ စာဝင်လာသည်။ အသက်ရှည်ဦးမယ် ဒီကောင်လေး။

"ဘာလဲဝေ"

"လွမ်းတယ်လေ .. တွေ့လို့ မရဘူးလား"

"အလုပ်လုပ်နေတာ .. ပြီးတော့ ဒီနေ့ သောကြာလည်း မဟုတ်ဘူး"

"မဟုတ်လည်းကွာ .. မောင့်ကို အရမ်း limit မလုပ်ထားပါနဲ့လား မ ရယ်"

"ဒီနေ့ ကျောင်းမသွားဘူးလား မောင်က"

"ဟုတ်တယ် ဗိုက်အောင့်နေလို့ မသွားဘူး"

"ဟော .. ဘယ်လိုဖြစ်တာလဲ ကလေးရယ် .. ဘာစားထားလဲ .. ဘာ ဆေးသောက်ထားလဲ?"

မ ရဲ့ မောင် (18+)Where stories live. Discover now