part 39

1.4K 130 57
                                        

အလုပ်မရှိတော့တဲ့  fot ဘ၀ကြီးကပိုပျင်းစရာကောင်းသွားတော့တာပဲ....ရုတ်တရက် ဆရာကိုတောင် သတိရသွားသည်။

အလုပ်မရှိပဲ ပျင်းခြောက်စရာဘ၀ထဲ fot ကိုတပြည့်အဖြစ် လက်ခံရတာတောင် ဆရာကညည်း‌နေသေးတာ...ဆရာက အရမ်းပဲခံတာပဲ......

မှန်ရှေ့ရပ်ပြီး ၀တ်ထားတဲ့ T-shirts ပွပွကို ခါးနားကနေ စုကိုင်ကာ ဗိုက်ကလေးကိုငုံ့ကြည့်လိုက်သည်။

"ဘာလို့ ဗိုက်လေးကမပူလာတာလဲ..?"

ညတိုင်း အခန်းထဲဗိုက်ထဲကသေးသေးလေးနဲ့ စကားတွေပြောရင်း အိပ်အိပ်‌ ပျော်သွားတတ်သည်။ အရင်လို အိပ်ဆေးတွေတောင် မလိုတော့ပေ....

မှန်ထဲ ကိုယ့်ကိုယ်ကို ဟိုဘက်လှည့်ဒီဘက်လှည့်ကြည့်နေတုန်း ဖုန်း၀င်လာတာကြောင့် ချက်ချင်းသွားကိုင်ရပါသည်။

အလုပ်တွေနားလိုက်ပြီးထဲက p'ranတို့၃ယောက်
fotကိုစည်းကမ်းတခု ထုတ်ထားကြသည်။

ဖုန်းခေါ်ရင် ချက်ချင်းကိုင်ရမယ်တဲ့.... သူတို့ကတော့ အရေးကြီးကိတ်စပြောစရာရှိရင် နောက်ကျသွားမှာဆိုးလို့ လို့ ပြောကြတာပါပဲ....

Fot ယုံရဲ့လားလို့တော့ သူတို့မသိကြဘူးထင်ပါတယ်။

"Hello.."📱

"Hello...fot၊ ဒီနေ့ ဆေးရုံပြန်သွားရမယ့်နေ့နော်၊ ခနနေ အကိုလာခေါ်မယ်၊ "📱

ဟုတ်သားပဲ...ဒီနေ့ ဆေးရုံရက်ချိန်းပဲ...

"အိုခေ phi"📱

ဖုန်းချပြီးတာနဲ့ p'ran ကို ဧည့်ခန်းထဲသွားထိုင်စောင့်နေလိုက်သည်။

--------------------------------------------------------------

"Ran ...ဘယ်သွားမလို့လဲ"

"အော်...ကိုယ် fotကို ဆေးရုံရက်ချိန်းခေါ်သွားပေးမလို့ ji"

Fourth ဆေးရုံရက်ချိန်းနဲ့ ji ရက်သည် အနည်းငယ်သာကွာသည်။

"Jiလိုက်ချင်တယ်"

ပိုက်ဆံအိတ် ကောက်ကိုင်ရင်းမှ jiကို ခပ်မြန်မြန်လှည့်ကြည့်လိုက်သည်။

"Ji....ကိုယ်"

"Jiသူ့ကို ပြသနာရှာဖို့မဟုတ်ပါဘူး"

Invests With Heart (Completed)Where stories live. Discover now