🫶Chapter 3
ရှဲ့ယီကျိုး...
ယနေ့ရေပန်းစားမှုစာရင်းတွင် နျန်ယွီယီတွေ့လိုက်သောအမျိုးသားမှာ ဤဒရမ်မာ၏ခေါင်းဆောင်မင်းသားဖြစ်ရုံသာမက ဖျော်ဖြေရေးနယ်ပယ်ပိရမစ်ထိပ်ဆုံးတွင် ထိုင်နေနိုင်သူလည်းဖြစ်သည်။ သန်းပေါင်းမြောက်များစွာသောဖန်များ၊ အဆုံးမရှိသောထောက်ခံမှုများနှင့် ချီးမွမ်းထိုက်သော သရုပ်ဆောင်စွမ်းရည်တို့ကြောင့် ရုပ်ရှင်လောကထဲတွင် အောင်မြင်နေသူတစ်ဦးဖြစ်သည်။အရေးအကြီးဆုံးအချက်သည်ကား ရှဲ့ယီကျိုးသည် မျိုးရိုးစဉ်ဆက်ချမ်းသာကြွယ်ဝလာကြသော ရှဲ့မိသားစုကြီး၏ ဒုတိယသခင်လေးတစ်ဦးဖြစ်နေခြင်းပင်။
ရှဲ့ယီကျိုး၏အကြည့်ကို ရှောင်တိမ်းချင်သောကြောင့် ကျိုးအာ့ဟယ် နျန်ယွီယီကို အမြန်သွားရန် ကြိုးပမ်းလိုက်သည်။ ငယ်ရွယ်သောအမွေဆက်ခံသူအနေဖြင့် စိတ်ကြီးတတ်ခြင်းမှာ ပုံမှန်ဖြစ်သောကြောင့် ကျိုးအာ့ဟယ် နျန်ယွီယီကို အဆိုးဘက်သို့ မကျရောက်သွားချင်ပေ။
သို့သော်လည်း သူတို့အလွန်နောက်ကျသွားခဲ့ပြီး ရှဲ့ယီကျိုးမှ ဦးဆုံးရောက်လာခဲ့သည်။
နျန်ယွီယီမှာမူ ရှဲ့ယွီကျိုးနှင့် လုံးဝကိုမရင်းနှီးနေခဲ့ချေ။ ပြောင်မြောက်သော ရုပ်ရည်နှင့်အတူ ထိုသူ၏စူပါစတားအဆင့်ကျော်ကြားမှုအညီ နေထိုင်တတ်ခြင်းတို့ကိုသာ အသိအမှတ်ပြုမိခဲ့သည်။ ရှဲ့ယီကျိုးအား လေးစားအားကျပြီးနောက် ကျိုးအာ့ဟယ်၏အတွေးနောက်သို့မလိုက်ဘဲ နားနေခန်းသို့သွားရန်သာပြင်လိုက်သည်။
သူတို့ သူ့ကိုမရှောင်တိမ်းနိုင်ခဲ့လျှင် မျက်နှာခြင်းဆိုင်တွေ့ရမည်ဖြစ်သည်။
ရှဲ့ယီကျိုး ချဉ်းကပ်လာသည်ကို မြင်လိုက်ရခြင်းကြောင့် ကျိုးအာ့ဟယ် နျန်ယွီယီ၏လက်ကိုလွှတ်လိုက်ပြီး ဘေးဘီဝဲယာသို့ မကြည့်ဘဲ အရှေ့သို့သာ တည့်တည့်အာရုံစိုက်လိုက်သည်။
သည့်တိုင်အောင် ကျိုးအာ့ဟယ် ရှဲ့ယီကျိုး၏နာမည်ကျော် ဆွဲဆောင်နိုင်သည့်အသံကို မလွဲသွားခဲ့ချေ။
“ နျန်ယွီယီ…” ရှဲ့ယီကျိုး သူ၏အရှေ့ ခြေလှမ်းအနည်းငယ်အလိုတွင် ရပ်လိုက်ပြီး နေကာမျက်မှန်ကို ရုတ်တရက်ဆွဲချွတ်လာသည်။

YOU ARE READING
လူချမ်းသာမိသားစုနှစ်ခုရဲ့ အချစ်တော်လေး
RomanceTitle - Description Only unicode Update - 2 chapters A week I hope u enjoy 😉 💓