Part 3 _ အနှိုင်းမဲ့ အမှိုက်လို လူယုတ်မာကောင်

48 9 1
                                    

Chapter 2470

သူကတော့ ရိုးရှင်းစွာပင်တကယ့်ကို အနှိုင်းမဲ့ ညစ်ပတ်တဲ့လူယုတ်မာတစ်ဦးဖြစ်သည် ။ သူ့ရဲ့ နောက်ဆုံးပန်းတိုင်ကတော့ အမျိုးသမီးများကို အိပ်ယာပေါ်တွန်းလှဲဖို့ဖြစ်သည်။

လုကျင်းအတွက်ကတော့ အချစ်စစ်အချစ်မှန်ကို ပိုင်ဆိုင်နိုင်ဖို့ မဖြစ်နိုင်ပေ။ သူက လှပတဲ့အမျိုးသမီးတွေအကုန်လုံးရဲ့ နှလုံးသားကိုသာမက ခန္ဓာကိုယ်ကိုပါရယူချင်သော သူဖြစ်သည်။

ဒါ့အပြင် သူ့မှာက စနစ် လည်းရှိနေသေးသည်။ ထို့ကြောင့် သူ့ရဲ့ သဘာဝမကျတဲ့ ကြီးမားတဲ့အတ္တဟာလည်း တိုးပွားလာခဲ့သည်။

ပြီးတော့ သူ့မှာ အမျိုးသမီးတွေအများကြီးရှိလွန်းလို့ သူတို့ တစ်ယောက်ချင်းစီ အားလုံးကို ချစ်ခင်ဂရုစိုက်ပေးဖို့ အချိန်တောင်မရှိပေ ။

လူတွေအကုန်လုံးက သူ့ရဲ့အချစ်စစ်ဆိုတာ လုံးဝမဖြစ်နိုင်ဘူးလေ ။သူတို့တစ်ယောက်ချင်းစီကို သူဘယ်လိုလုပ်အချစ််စစ်နဲ့ ချစ်နိုင်မှာလဲ ။ လုကျင်း သူကိုယ်တိုင်တောင်အဲ့လို အဓိပ္ပါယ်မရှိတဲ့ဟာကို မယုံကြည်ပေ။

လူတစ်ယောက်ရဲ့ နှလုံးသားကို အားလုံးအတွက်‌ ဝေမျှပေးကြေးဆို အပိုင်းအစပေါင်းဘယ်လောက်တောင် ခွဲခြမ်းရမှာလဲ ။

ယောင်္ကျားတစ်ယောက်ရဲ့ စိတ်နှလုံးက တကယ်ကိုရိုးရှင်းပြီး ရက်စက်လွန်းသည် ။

အလှလေးတွေ အလှလေးတွေ ! များပြားလှတဲ့ အလှလေးတွေ အကုန်လုံးက သူ့အတွက်ဘဲ ။ နောက်လုပ်ပြီးရင်တောင် တာဝန်ယူစရာမလိုဘူးလေ။

ယောင်္ကျားတွေလိုချင်တာက အာဏာ ၊ ခွန်အား ၊ ချောမောခန့်ညားမှုနဲ့ အိပ်ယာပေါ်က ထိပ်တန်းစွမ်းဆောင်ရည် ပါဘဲ ။

ဒီစနစ်နဲ့သာဆိုရင် သူ အလှလေးတွေနဲ့အိပ်နေသမျှ သူ့ကိုယ်သူ အပင်ပန်းခံ အလုပ်လုပ်နေစရာမလိုတော့ဘူး ။ ဘယ်အလုပ်ရှင်သူဌေးကိုမှလည်း ခယ နှိမ့်ချနေစရာမလိုတော့ဘူး ။

သူလုပ်ဖို့လိုတာက လှပတဲ့ကောင်မလေးတစ်ယောက်နဲ့ အနောက်တိုင်းစားသောက်ဆိုင်ကိုသွားမယ် ၊ စားသောက်ဆိုင်ကဖျော်ဖြေတဲ့ တယောသံလေးကိုနားထောင်မယ် ပြီးရင် သူမအတွက် အမဲသားစတိတ်ကို အပိုင်းလေးတွေကူလှီးဖြတ်ပေးလိုက်ရုံဘဲ ဖြစ်သည် ။

[နဉ်ရှု] Realm_40 : Take down systemWhere stories live. Discover now