Part 4_ သူမအလိုရှိပါက တခြားယောင်္ကျားနဲ့လက်ထပ်နိုင်သည်

36 8 0
                                    

Chapter 2471

ဟုသော်သည် ဇွဲရှိရှိနဲ့ စောင့်ဆိုင်းခဲ့သော်လည်း လုကျင်းသည် သူမကို ဘယ်တော့မှ လက်မထပ်ခဲ့ပေ။

အဲ့အစား သူသည် အိမ်ထောင်ပြုမှာမဟုတ်ဘဲ သူမအလိုရှိပါ တခြား ယောင်္ကျားနဲ့လက်ထပ်နိုင်ကြောင်း ပြောခဲ့သည် ။

ဟုသော် အံ့ဩတုံလှုပ်သွားခဲ့သည် ။ သို့သော်လည်း သူမ လုကျင်းအပေါ် ကြီးမားတဲ့‌ချစ်မေတ္တာကို ဆုပ်ကိုင်ထားဆဲဖြစ်သည်။  ထို့ကြောင့် ဟုသော်သည် သူမအချိန်တွေကို သူ့အပေါ်ဖြုန်းတီးနေခဲ့သည်။

ဟုသော် သူမကိုယ်သူမပျောက်ဆုံးသွားသလိုခံစားခဲ့ရသည် ။ သူမ  တက္ကသိုလ်ဝင်ခွင့်ရဖို့အတွက် နေ့ရော‌ညပါ မေးခွန်းဟောင်းအစုလိုက်အပြုံလိုက်ထဲ နစ်မြုပ်ကာ အရမ်းကြိုးစားခဲ့ရသည် ။

သို့သော်လည်း အဆုံးမှာ ကိုယ်ဝန်ရသွားခဲ့ပြီး ကိုယ်ဝန်ကြောင့်ဦးနှောက်ပျက်သွားသလားမသိ ကျောင်းထွက်ခဲ့သည်။
ကျောင်းထွက်ပြီးနောက် လုကျင်းအတွက် ဝေယျာဝစ္စအလုံးစုံကို လုပ်ကိုင်ပေးရန် တစ်ချိန်လုံးသူ့အနားမှာနေခဲ့သည် ။

ဟုသော်မှာ အလုပ်ပင်မရှိခဲ့ပါ ။ တစ်ခါတစ်ရံ သူမဘဝက ဆိုးရွားစွာမှားယွင်းနေတယ်လို့ ခံစားရသော်လည်း လုကျင်းကိုတွေ့တာနဲ့ အရာအားလုံးကိုမေ့သွားခဲ့သည် ။ သူမ ခံစားရသမျှအကုန်လုံးသည် သူ့ကိုအချစ်ကြီးချစ်လို့ပင်ဖြစ်သည်။

အဲ့တာ သူမမိဘတွေရဲ့ အသဲနှလုံးကိုကွဲကြေစေသော်လည်း ဟုသော်သည် သူမ မှန်ကန်တဲ့ရွေးချယ်မှုကို ရွေးချယ်ခဲ့တယ်လို့ ယုံကြည်နေခဲ့သည်။ ထို့ကြောင့် သူမ၏ သစ္စာစောင့်တည်မှုသည် မပြောင်းလဲခဲ့ပေ ။

သို့သော်လည်း လုကျင်းရဲ့အနားမှာ မိန်းမတွေပိုပြီးတိုးလာသည်သာ ရှိခဲ့သည် ။ သူတို့ကို ရည်တောင် မရည်တွက်နိုင်ပါဘူး ။ လုကျင်းကတော့ လှပပြီး ပွင့်လန်းနေတဲ့ ပန်းအလှလေးတွေ ဝိုင်းအုံနေသည်။

' လေဒီကေလာ ' ဟုသော ခေါင်းစဉ်သည် လုကျင်းနဲ့လိုက်ဖက်လှသည်။

ဟုသော်ရဲ့ ဆန္ဒကတော့ လုကျင်းရဲ့လှည့်ဖျားခြင်းကိုမခံစားရစေရန် ၊ တက္ကသိုလ်ဘွဲ့ရပြီး အလုပ်တစ်ခုရရန် ၊ သူမ မိဘတွေအပေါ် တာဝန်ကျေပွန်ရန်နဲ့ လုကျင်းကို လက်စားချေရန် ဖြစ်သည် ။

[နဉ်ရှု] Realm_40 : Take down systemWhere stories live. Discover now