Chapter 2473
ဒီကမ္ဘာက ခေတ်သစ်ကမ္ဘာဖြစ်သည် ။ ဒီက ဥပဒေသတွေက နတ်ဆိုးအဆိပ်လိုဟာတွေကိ ခွင့်ပြုမလားဆိုတာ ဘယ်သူသိမှာလဲ ။
ဒီမှာ ကောင်းကင်ပေါ်ပျံ တောင်တန်းတွေကိုနှစ်ပိုင်းခြမ်းနိုင်တဲ့ ကျင့်ကြံသူတွေ ဒီလိုခေတ်သစ်အချိန်မှာ မရှိဘူးလေ ။
ဘာလို့လဲဆိုတော့ ဒီကမ္ဘာက အဲ့တာတွေကို ခွင့်မပြုလို့ပေါ့ ။အဲ့တာကတော့ ဒီကမ္ဘာရဲ့ စွမ်းအင်စနစ်လက်ခံနိုင်တာထက် ကျော်လွန်နေလို့ပင်ဖြစ်သည် ။
နဉ်ရှု ရွေးချယ်စရာမရှိပေ စမ်းသပ်ကြည့်ရမည်ပင် ။ အဲ့တာအလုပ်မဖြစ်ရင်တောင် တခြားနည်းလမ်းတွေအများကြီးရှိသေးသည် ။
နဉ်ရှု အိမ်ဘက်ကိုပြန်လာလိုက်သည် ။ လမ်းမှာဘဲ အိတ်အပြည့်အသီးတွေသယ်လာတဲ့ လုကျင်းနဲ့ ပက်ပင်းတိုးမိတော့သည် ။
လုကျင်း နဉ်ရှုကိုတွေ့တော့ သူမျက်နှာအမူအရာက တမုတ်ချင်းပြောင်းလဲသွားသည် ။ သူမျက်နှာမှာ ဒေါသထွက်နေပုံပေါ်လာသည် ။ မသိရင် သူဘဲ အစော်ကားခံနေရတဲ့ ပုံစံမျိုးနဲ့ ။
လုကျင်းသည် စိတ်ထားသေးသိမ်သောသူဖြစ်သည် ။ လူတိုင်းက သူ့ကိုအထင်မြင်သေးပြီး သူ့ ဂုဏ်သိက္ခာကို နင်းချေနေသည်ဟု အမြဲခံစားနေရသည် ။
သူ ဟုသော်ကို ငါးပြတိုက်သွားချင်လားလို့ မေးတုန်းက သူမငြင်းခဲ့သည် ။
ဒါပေမဲ့အခု သူမအပြင်ထွက်တာကို ဖမ်းမိသွားပြီဖြစ်သည်။နဉ်ရှု လုကျင်းရဲ့အမူအရာကိုကြည့်လိုက်သည် ။
ဒီကောင် မသိရင် သူ့မိန်းမကဘဲ ဖောက်ပြန်နေတာကို ဖမ်းမိသွားတဲ့ ပုံလုပ်နေတာ ။သို့သော်လည်း သူက ဒီကောင့်ကို အာရုံစိုက်စရာအကြောင်းမရှိပေ ။
လုကျင်းသက်ပြင်းတစ်ချက်ရှုလိုက်ပြီး နဉ်ရှုရှေ့လျောက်လာသည် ။
သူ့ကြည့်ရတာ မသိရင် ကြီးမားတဲ့ အရှက်ခွဲမှုကြီးကိုတောင့်ခံနေရသလိုလို ဘာလိုလိုနဲ့ ။" မင်းအအေးမိနေတာမဟုတ်ဘူးလား ၊ဘာလို့အပြင်ထွက်နေတာလဲ " လုကျင်းမေးလိုက်သည် ။
နဉ်ရှုပြန်မေးလိုက်သည် " ငါအပြင်ထွက်လို့မရဘူးလား "
လုကျင်း ရင်တချက်တုန်သွားသည် ။ ထို့နောက် သူပြောသည် " ကိုယ် မင်းကိုစိတ်ပူနေတာ ။ ဒီမှာ မင်းအတွက် အသီးတွေဝယ်လာတယ် "
YOU ARE READING
[နဉ်ရှု] Realm_40 : Take down system
FantasyTitle (Eng )_Quick Transmigration Cannon fodder's record of counterattacks _ Credit to the original writer. This is just translation. _ pic from Pinterest